၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို ဇွန်-ဇူလိုင်လတွင် ကျင်းပသွားမည်
======================
၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို လာမယ့်နှစ် ဇွန်-ဇူလိုင်လတွင် ကျင်းပလာမည်ဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌပက်ထရစ်မော့ဆီပီက ကြေညာလာပါတယ်။
ဒါ့အပြင် အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ကန်ညာ၊ တန်ဇန်းနီးယား၊ ယူဂန္ဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၇ အာဖရိကဖလားပြိုင်ပွဲကို ရွှေ့ဆိုင်းရမယ့် အခြေအနေတွင် ရှိနေတယ်ဆိုတဲ့သတင်းမှာ အခြေအမြစ်မရှိတဲ့ သတင်းမျှသာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
အဆိုပါ ပူးတွဲအိမ်ရှင်နိုင်ငံများရဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် လိုအပ်တဲ့ တည်ဆောက်နေမှုလုပ်ငန်းများမှာ ပြိုင်ပွဲအမီ အပြီးသတ်ရေး သံသယဝင်ခြင်းခံနေရပါတယ်။
တဖက်တွင် ကန်ညာကလည်း ၂၀၂၇ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ရှိနေမှုနှင့်အတူ ပြိုင်ပွဲအား ၂၀၂၈ ခုနှစ်အထိ ရွှေ့ဆိုင်းစေလိုနေပါတယ်။
ယခင်တုန်းက အာဖရိကဖလားပြိုင်ပွဲများကို ဇန်နဝါရီ၊-ဖေဖော်ဝါရီနှင့် ဒီဇင်ဘာ-ဇန်နဝါရီလတို့တွင် ကျင်းပလာခဲ့ပေမယ့်လည်း ရာသီဝက်ကာလတွင် ယှဉ်ပြိုင်မှုကြောင့် ဥရောပကလပ်များက ကစားသမားစေလွှတ်လိုခြင်း မရှိမှုနှင့်အတူ ယခုကဲ့သို့ ရာသီသိမ်းချိန် အားလပ်ရက်တွင် ကျင်းပလာမှာလည်း ဖြစ်ပါတယ်။

image