ခန္တီးခရိုင် ပြည်သူ့ဆေးရုံ ပြုပြင်မွမ်းမံလျက်ရှိ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့ရှိ ခန္တီးခရိုင်ပြည်သူ့ဆေးရုံ ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။
ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုရန် ပုံငွေကျပ်သန်း (၅ ၀) ဖြင့် ပြည်သူ့ဆေးရုံ ဥပဓိရုပ်ကောင်းမွန်စေရန် မွမ်းမံပြင်ဆင်ခြင်းဖြစ်ပြီး ဆေးရုံ ဝင်းခြံစည်းရိုး ဆေးသုတ်ခြင်းလုပ်ငန်း၊ ဆေးရုံအဆောက်အဦး အတွင်း၊ အပြင် ဆေးသုတ်ခြင်းလုပ်ငန်းကို "ဆွေသားရင်း" ကုမ္မဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီးခရိုင်ပြည်သူ့ဆေးရုံ ပြုပြင်မွမ်းမံနေမှုများကို ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသ န်းထိုက်နှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၁၀)ရက်၊ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းလည်း သိရသည်။