ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူ စံချိန်အား လိုက်မီလာတဲ့ ဂျိမ်းစ်မီလ်နာ
===================
ဂျိမ်းစ်မီလ်နာဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အက်စတွန်ဗီလာအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ကစားပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၆၅၃ ပွဲဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူ ဖြစ်လာပါတယ်။
အသက် ၄၀ နှစ်ရှိ လီဗာပူးနှင့် မန်စီးတီးအလယ်တန်းကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံးကစားထားသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားတဲ့ ဂါရတ်ဘာရီရဲ့ စံချိန်ကို လိုက်မီလာတာလည်း ဖြစ်ပါတယ်။
ဗီလာကစားသမားဟောင်းဂျိမ်းစ်မီလ်နာဟာ လူစားဝင်ရောက်ကစားပြီးနောက် ပရီးမီးယားလိဂ်စံချိန်အား လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲတွင် ဘရိုက်တန်ဟာ ပွဲချိန် ၈၆ မိနစ်တွင် ဂျက်ဟန်ရှဲလ်ဝုဒ်ရဲ့ OG ဂိုးကြောင့် ဗီလာအား ၁-၀ ဖြင့် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်နည်းပြဟူဇီလာက "ကျွန်တော်တို့ အနိုင်မရခဲ့ပေမယ့် စပါယ်ရှယ်ညတစ်ည ဖြစ်နေတုန်းပါ။ မီလ်နာက လူငယ်ကစားသမားတွေအတွက် စံပြတစ်ဦးပါ။ ပရော်ဖက်ရှင်နယ်ပီသတယ်။ မယုံကြည်နိုင်စရာကောင်းတယ်။ အရမ်းစည်းကမ်းရှိတယ်။ အပတ်စဉ် အပတ်တိုင်း နေ့စဉ်နေ့တိုင်း သက်သေပြနေတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ သူ့မှာ ပရီးမီးယားလိဂ်မှာ ကစားဖို့ အရည်အချင်းအားလုံးရှိပါတယ်။ သူနဲ့ အလုပ်တွဲလုပ်ရလို့ ဝမ်းသာတယ်။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ရော လူတစ်ဦးအနေနဲ့ပါ အသင်းမှာ ပိုင်ဆိုင်ထားတဲ့ ကျေနပ်တယ်"လို့ ပြောကြားသွားပါတယ်။
ဘရိုက်တန်ဟာ ဗီလာရှုံးပွဲကြောင့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၃ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိထားကာ နိုဝင်ဘာနှောင်းပိုင်းတုန်းက အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ရာမှ ယခု အဆင့် ၁၄ နေရာသို့ ဆင်းနေရပါတယ်။

image