ဖောရက်စ်နည်းပြအနာဂတ်ကို တစ်ပွဲတည်းဖြင့် ဆုံးဖြတ်လာမည်မဟုတ်ဟု ရှောင်ဒိုက်ချီ ပြောကြားလာ
====================
နော်တင်ဟမ်ဖောရက်စ်နည်းပြရှောင်ဒိုက်ချီက သူ့အနာဂတ်အား ပွဲတစ်ပွဲရလဒ်ဖြင့် ဆုံးဖြတ်လာမှာ မဟုတ်ကြောင်း ပြောကြားကာ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်နေမှုအပေါ် ငြင်းဆိုလာပါတယ်။
ဖောရက်စ်ဟာ ဗုဒ္ဓဟူးနေ့တွင် ဝုဗ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းသာ ယနေ့ည ယူနိုက်တက်နှင့်ပွဲစဉ်တွင် အနိုင်ရရှိလာပါက ရမှတ် ၃ မှတ်ရရှိကာ ဖောရက်စ်နှင့် ရမှတ်တူလာပါမယ်။
ရှောင်ဒိုက်ချီဟာ ဇန်နဝါရီလတုန်းက ဖောရက်စ်အား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ပြီးနောက် ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်နေသူ ဖြစ်ပါတယ်။
သူဟာ ဖောရက်စ်ကို လေးပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သောကြာနေ့တုန်းက လိဒ်အား ၃-၁ ဖြင့် ရှုံးနိမ့်ကာ အဆုံးသတ်ခဲ့ပါတယ်။
ဖောရက်စ်ပိုင်ရှင်မာရီနာကစ်ဟာ ယခုရာသီတွင် နူနိုအက်စ်ပီရီတိုဆန်တိုနှင့် အန့်ပိုစတီကိုဂလူတို့အား ထုတ်ပယ်ထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ဒိုက်ချီက "ပိုင်ရှင်ဘက်က ကျွန်တော့်ကို ဆက်သွယ်ထားပြီးပါပြီ။ ပိုင်ရှင်လည်း ကောင်းကောင်းသိပါတယ်။ သူကိုလည်း ကျုပ်ဘက်က ရှင်းရှင်းလေး လုပ်ထားပြီးပါပြီ။ ဘယ်တော့မှ ညက်ညက်ညောညော ရွက်လွှင့်ရမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ အခက်အခဲတချို့ ကြုဲခဲ့ရပြီးပြီ။ အဆင်ပြေတဲ့ရက်ရှိသလို မကောင်းတဲ့ရက်တွေလည်း ကြုံရပါတယ်။ တစ်ပွဲတည်းနဲ့ သူ့ဘက်က ချက်ချင်းကြီး 'ကလပ်ကို အားလုံး အစစအရာရာ စတုတ္ထအကြိမ်မြောက် ပြောင်းရတော့မယ်'လို့ ပြောလာမှာ မဟုတ်ပါဘူး။ ကျုပ် တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါတဲ့နေ့မှာဘဲ လူတွေက အထုတ်ခံရတော့မယ်လို့ ပြောလာကြတယ်။ ကျွန်တော့်အတွက် ထူးဆန်းတယ်။ တခါမှ မကြုံဖူးဘူး"လို့ ပြောကြားသွားပါတယ်။

image