အရှေ့အလယ်ပိုင်းရာသီဝက်ခြေစမ်းပွဲခရီးစဉ်ကို ယူနိုက်တက်နှင့်ကာရစ် ဘာကြောင့် ဖျက်သိမ်းလိုက်သလဲ?
====================
ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ ငွေများစွာ ရရှိမယ့် ရာသီဝက်ခြေစမ်းပွဲခရီးစဉ်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် မရရှိမှု၊ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ ၂ ရပ်မှ စောစောစီးစီး ထွက်ခွာခဲ့ရမှုတို့ကြောင့် နစ်နာလာတဲ့ ဝင်ငွေနှင့် ကြားရက်ပွဲများ ကစားရန် မရှိမှုအား ကာမိစေရန်အတွက် အရှေ့အလယ်ပိုင်းသို့ ခြေစမ်းပွဲများ သွားရောက်ကစားရန် စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရာသီအစပိုင်းတုန်းက အမိုရမ်က ထောက်ခံခဲ့တဲ့ အရှေ့အလယ်ပိုင်းသို့ ခြေစမ်းပွဲ သွားရောက်ကစားမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း The Times ရဲ့ ဖော်ပြလာမှုအရ သိရပါတယ်။
ယူနိုက်တက်ဟာ ယနေ့ည ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ၁၃ ရက်အထိ ပွဲကစားရန် မရှိဘဲ အနားရလာပါမယ်။
ယူနိုက်တက်ဟာ ယနေ့ည ဝက်စ်ဟမ်းနှင့်ပွဲအပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပင် အဲဗာတန်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။
ဒါပေမယ့် ယူနိုက်တက်နှင့် မိုက်ကယ်ကာရစ်တို့ဟာ ခြေစမ်းပွဲကစားမယ့် အစီအစဉ်အား ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဝက်စ်ဟမ်းပွဲအပြီးတွင် ကစားသမားများကို ၄ ရက်ဆက်တိုက် အနားပေးရန် ဆုံးဖြတ်လာကြောင်းလည်း သိရပါတယ်။
ကာရစ်ဟာ ပူနွေးရာသီလေ့ကျင့်ခန်းဆင်းမှုအစီအစဉ်အား ထောက်ခံသလို ကန့်ကွက်မှုလည်း ပြုလုပ်ထားပါတယ်။
တဖက်တွင် ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကလည်း ယူနိုက်တက်နှင့် ခြေစမ်းပွဲကစားရေး စီစဉ်ပေးရန် ဆက်သွယ်မှု ရရှိထားကြောင်း ဆိုထားပါတယ်။

image