ချဉ်ဖတ်စိမ်တိုင်း ဘာလို အပြင်ကရောင်းသလို မကောင်းတာလဲ? ဒါမှမဟုတ် ဘာလို အချိန်ခဏလေးနဲ့ ပုပ်သွားတာလဲ?
ဒီနေ့မှာတော့ ဘယ်သူမှ သိပ်မပြောပြတဲ့၊ ဓာတုဆေးဝါး လုံးဝသုံးစရာမလိုဘဲ အရသာကို (၂) ဆ ပိုကောင်းစေမယ့် အိမ်တွင်းဖြစ် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်..
✨ ၁။ အိုးရွေးချယ်မှုက အဓိက
ချဉ်ဖတ်စိမ်တော့မယ်ဆိုရင် ပလတ်စတစ်အိုးတွေထက် "စဉ့်အိုး" ကို ရွေးချယ်ပါ။ စဉ့်အိုးနဲ့စိမ်တဲ့အခါ အချဉ်ပေါက်ပုံချင်း မတူတာကြောင့် အရသာက သိသိသာသာကို ပိုထူးခြားပြီး ကောင်းမွန်စေပါတယ်။
✨ ၂။ ဆန်ဆေးရည်ထက် "ထမင်းရည်" က ပိုအဆင်ပြေတယ်
တချိုက ဆန်ဆေးရည်နဲ့ စိမ်ကြပေမယ့် ဆန်ဆေးရည်က အစိမ်းဖြစ်လို ပုပ်လွယ်တတ်ပါတယ်။
• နည်းလမ်း- ထမင်းရည်ကို အရင်အအေးခံပါ။ ပြီးရင် စိမ်မယ့်အိုးထဲ ထည့်၊ ဆားထည့်ပြီး အဖုံးပိတ်ကာ တစ်ရက်လောက် အရင်နှပ်ထားပါ။
• ထူးခြားချက်- နောက်ရက်မှ မိမိနှစ်သက်ရာ အသီးအရွက်တွေ ထည့်စိမ်ပါ။ ထမင်းရည်က ကျိုချက်ပြီးသားဖြစ်လို ချဉ်ဖတ်အိုးကို ပိုခံစေပြီး စားလိုလည်း ပိုကောင်းပါတယ်။
✨ ၃။ "ထမင်းခြောက်" နဲ့ စိမ်နည်း (အကြာရှည်ခံနည်း)
ချဉ်ဖတ်ကို အကြာကြီး အထားခံချင်ရင်တော့ ထမင်းကို အသုံးပြုရပါမယ်။
• နည်းလမ်း- ထမင်းကို နေခြောက်လှန်းထားပါ။ ရေနွေးကို ကျိုပြီး အအေးခံထားပါ။ အိုးထဲကို ထမင်းခြောက်နဲ့ ရေနွေးအေး ထည့်၊ ဆားထည့်ပြီး တစ်ညသိပ်ထားပါ။
• ထူးခြားချက်- နောက်ရက်မှ အသီးအရွက်တွေ ထည့်ပါ။ ဒီနည်းက ကတက်ချဉ်ဆိုရင် တစ်လလောက်အထိ သက်တောင့်သက်သာ အထားခံပြီး အရသာကလည်း ရှယ်ပါပဲ။
✨ ၄။ အချဉ်မြန်မြန်ပေါက်စေဖို
စဉ့်အိုးနဲ့စိမ်ထားတဲ့ ချဉ်ဖတ်အိုးကို အဖုံးသေချာအုပ်ပြီး နေပူထဲမှာ ခဏပြပေးပါ။ ဒါဆိုရင်တော့ မြန်မြန်ချဉ်ပြီး စားလိုကောင်းတဲ့ ချဉ်ဖတ်လေးကို ၂ ရက်၊ ၃ ရက်အတွင်းမှာတင် ရရှိမှာဖြစ်ပါတယ်။
ကဲ... မိသားစုအတွက် အရသာရော၊ အနံ့ရော ရှယ်ကောင်းစေတဲ့ ချဉ်ဖတ်စုံလေးတွေကို အိမ်မှာတင် ကျန်းမာရေးနဲ့ညီညွတ်အောင် ကိုယ်တိုင်စမ်းသပ်စားချင်သူတွေ လုပ်ကြည့်လိုက်တော့နော်။
ဒီနည်းလမ်းလေးက အိမ်ရှင်မတွေအတွက် အသုံးတည့်တယ်ဆိုရင် Share ပေးသွားဖို မမေ့နဲ့ဦးနော်! ✨
နောက်ထပ်လည်း အသုံးဝင်တဲ့ ဟင်းချက်နည်းတွေနဲ့ ဗဟုသုတတွေကို ဆက်ပြီးတင်ဆက်ပေးသွားမှာမို Page လေးကို Like & Follow လုပ်ထားဖို မမေ့နဲ့ဦးရှင့်။

image