ဥရောပတစ်လွှားရာသီဥတုပြင်းထန်၍ ပျ-က်စီးဆုံးရှုံးမှုများပြား
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဥရောပတစ်လွှားတွင် ပြင်းထန်သောရာသီဥတုလှိုင်းတစ်ခု ကျရောက်လျက်ရှိရာ အားကောင်းသော အတ္တလန္တိတ်မုန်တိုင်းများက ဥရောပတောင်ပိုင်းနိုင်ငံများတွင် ရေကြီးမှုများဖြစ်ပေါ်စေခဲ့ပြီး အာတိတ်အအေးလှိုင်းက ဥရောပအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများကို လွှမ်းမိုးထားကြောင်း သိရသည်။
အဆိုပါ ရာသီဥတုအခြေအနေကြောင့် လူပေါင်း ဒါဇင်နှင့်ချီ၍ ေ-သဆုံးကာ၊ ထောင်နှင့်ချီသောပြည်သူများသည် အိုးအိမ်များကိုစွန့်ခွာခဲ့ရပြီး နေရာအနှံ့အပြားတွင် ပျ-က်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆက်တို-က်တို-က်ခတ်ခဲ့သော အားကောင်းသည့် အတ္တလန္တိတ်မုန်တိုင်းများကြောင့် လူ ၁၄ ဦးထက်မနည်း ေ-သဆုံးကာ ရာနှင့်ချီသောသူများ ဒ-ဏ်ရာရခြင်း သို့မဟုတ် အိုးအိမ်စွန့်ခွာခဲ့ရပြီး အခြေခံအဆောက်အဦးများလည်း အကြီးအကျယ် ပျ-က်စီးခဲ့သည်။
မိုးလေဝသဌာနများက ခရစ္စတင်းနှင့် လီယိုနာဒိုဟု အမည်ပေးထားသော အဆိုပါမုန်တိုင်းများသည် ပေါ်တူဂီအလယ်ပိုင်း အပါအဝင် နိုင်ငံအနှံ့အပြားတွင် ရေကြီးမှု၊ မြေပြိုမှု၊ လျှပ်စစ်မီးပြ-တ်တေ-ာက်မှုနှင့် သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ယင်းအတွက် အစိုးရက ထိခိုက်ခံစားရသည့် အိမ်ထောင်စုများ၊ ကုမ္ပဏီများနှင့် ဒေသန္တရအာဏာပိုင်များအတွက် ယူရို ၂.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂.၉၅ ဘီလျံ) တန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။
စပိန်နိုင်ငံတွင်လည်း မုန်တိုင်း လီယိုနာဒို ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ နိုင်ငံတောင်ပိုင်းတစ်လွှားရှိ လူဦးရေ ၃,၀၀၀ မှ ၅,၀၀၀ ကြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ မုန်တိုင်းကြောင့် အန်ဒါလူစီယာနှင့် အက်စထရီမာဒူရာ ဒေသများတွင် မြစ်ရေလျှံမှုများဖြစ်ပေါ်ကာ ကျောင်းများပိ-တ်ထားရခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် ရထားခရီးစဉ်အများစုကို ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။
ပေါ်တူဂီ ပင်လယ်နှင့် လေထုဆိုင်ရာဌာန (အိုင်ပီအမ်အေ) ၏ အဆိုအရ အဆိုပါပြင်းထန်သောရာသီဥတုသည် အတ္တလန္တိတ်လေဖိအားနည်းရပ်ဝန်းများ ဆက်တိုက်ဖြစ်ပေါ်ခြင်းနှင့် ပုံမှန်အားဖြင့် ဆောင်းရာသီမုန်တိုင်းဒ-ဏ်မှ ပေါ်တူဂီကို ကာကွယ်ပေးလေ့ရှိသော အေဇိုးစ် လေဖိအားကြီးရပ်ဝန်းသည် ပုံမှန်ထက် အားနည်းပြီး နေရာလည်းလွဲချော်နေခြင်းတို့ ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
ပေါ်တူဂီ အိုင်ပီအမ်အေမှ မိုးလေဝသပညာရှင် အန်ဂျလာ လူရင်ကိုက “ဒီလိုဖြစ်ရပ်မျိုးတွေဟာ အချိန်တိုအတွင်းမှာ အင်အားပြင်းထန်ပြီး အကြီးအကျယ် ပျ-က်စီးစေနိုင်တဲ့ လေပြင်းတို-က်ခတ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
တောင်ပိုင်းဥရောပတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းဒ-ဏ်ကို ဆက်တိုက်ခံစားနေရသော်လည်း ဥရောပအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသအများအပြားမှာမူ အလွန်အမင်းအေးခဲခြင်း၊ နှင်းထူထပ်စွာကျခြင်းနှင့် အေးခဲမိုးရွာခြင်းဒ-ဏ်များကို ရင်ဆိုင်ရလျက်ရှိသည်။
ဂျာမနီနိုင်ငံတွင် ဆိုးရွားသော ဆောင်းရာသီရာသီဥတုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းတစ်လွှား၌ ယာဉ်မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဘာလင်မြို့ပတ်ဝန်းကျင်ရှိ အဝေးပြေးလမ်းအချို့တွင် ယာဉ်တို-က်မှုများ ဖြစ်ပွားခဲ့သောကြောင့် လမ်းပိုင်းအချို့ကို ယာယီပိ-တ်ထားခဲ့ရသည်။ ဘရန်ဒန်ဘာ့ဂ် ပြည်နယ်ရှိ ယာဉ်တို-က်မှုတစ်ခုတွင် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ေ-သဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောသူများ ဒ-ဏ်ရာရရှိခဲ့သည်။
ရိုမေးနီးယားနိုင်ငံတွင်လည်း အအေးလှိုင်း၊ နှင်းကျခြင်းနှင့် အေးခဲမိုးရွာခြင်းများအတွက် အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားပြီး အပူချိန်မှာ အနှုတ် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းကာ နှင်းထု ၁၅ စင်တီမီတာခန့် ဖုံးလွှမ်းခဲ့သည်။
ဘောလ်တစ်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ အက်စတိုးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့တွင်လည်း နှစ်ပေါင်းများစွာအတွင်း အအေးဆုံး ဆောင်းရာသီကို ကြုံတွေ့နေရသည်။ လတ်ဗီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒါဂါဗ်ပစ် မြို့ရှိ မိုးလေဝသစခန်းတစ်ခုတွင် အပူချိန် အနှုတ် ၃၂ ဒီဂရီဆဲလ်စီးယပ်စ် အထိ စံချိန်တင်ခဲ့ပြီး ၎င်းမှာ ၁၂ နှစ်အတွင်း အပြင်းထန်ဆုံး အအေးလှိုင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ အာတိတ်ဒေသအပေါ်ရှိ စထရာတိုစဖီးယားလွှာ ရုတ်တရက် အပူချိန်မြင့်တက်လာမှုကြောင့် ပိုလာဗော့တက်စ် ဟုခေါ်သော ဝင်ရိုးစွန်းလေဝဲ အားနည်းသွားကာ အာတိတ်အအေးလှိုင်းများ ဥရောပမြောက်ပိုင်းနှင့် မြောက်အမေရိကဒေသများအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။