တရုတ်ရှန်းရှီး၌ ဖြစ်ခဲ့သည့်ပေါ-က်ကွဲမှုနိုင်ငံတော်ကောင်စီကစစ်ဆေးမည်
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်၊ ရှို့ကျိုးမြို့ရှိ ကျားဖုန်း ဇီဝနည်းပညာကုမ္ပဏီ၏ အလုပ်ရုံတစ်ခုတွင် စနေနေ့က ဖြစ်ပွားခဲ့သော လူေ-သဆုံးမှုဖြစ်စေသည့် ပေါ-က်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို နိုင်ငံတော်ကောင်စီ၊ ဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီရုံးက တို-က်ရို-က်ကြီးကြပ်ကွပ်ကဲရန် ညွှန်ကြားထားကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ယင်းအပြင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ဆက်စပ်လုပ်ငန်းများ ပါဝင်ပတ်သက်နေသည့် တရားမဝင် ထုတ်လုပ်မှုနေရာများကို စစ်ဆေးရန်နှင့် ပြုပြင်တည့်မတ်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုတစ်ရပ်ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။