စပါးစ်မှာ တန်းဆင်းဇုန်တိုက်ပွဲအတွင်းသို့ ရောက်နေပြီလို့ ဝိန်းရွန်းနီ ပြောကြားလာ
=====================
စပါးစ်မှာ တန်းဆင်းဇုန်တိုက်ပွဲအတွင်းသို့ ကျရောက်နေပြီ ဖြစ်ကြောင်း အင်္ဂလန်နှင့် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဝိန်းရွန်းနီက ပြောကြားလာပါတယ်။
စပါးစ်ဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်အား ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရကာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာ တန်းဆင်းဇုန်နှင့် ရမှတ် ၆ မှတ်အကွာသို့ ရောက်နေပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အန့်ပိုစတီကိုဂလူ ကိုင်တွယ်စဉ်တုန်းက အဆင့် ၁၇ နေရာမှာသာ ရပ်တည်ခဲ့ရပေမယ့်လည်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးကာ ချန်ပီယံလိးဂ်ဝင်ခွင့်ရခဲ့ပါတယ်။
ဝိန်းရွန်းနီက "လက်ရှိခြေစွမ်းအရ သူတို့ကို တန်းမဆင်းရရေး တိုက်ပွဲထဲ ရောက်နေတယ်လို့ ပြောလို့ ရတယ်။ ဝက်စ်ဟမ်းက အကောင်းဆုံးပုံစံ ရနေတယ်။ နော်တင်ဟမ်ဖောရက်စ်ကလည်း ရလဒ်ကောင်းလာတယ်။ သူတို့ ရောက်နေတဲ့ နေရာကြောင့် တန်းဆင်းဇုန်တိုက်ပွဲအတွင်း မရောက်ဘူးလို့ ပြောလို့ မရပါဘူး။ သူတို့(စပါးစ်)ဒီအခြေအနေအပေါ် အရမ်း စိုးရိမ်နေကြမှာ‌ သေချာပါတယ်"လို့ The Wayne Rooney Show တွင် ပြောကြားသွားပါတယ်။
စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုဟာ အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် ကက်စ်မီရိုအား ခြေကျင်းဝတ်ကို နင်းခဲ့မှုအတွက် စပါးစ်ကစားသမား ၆ ကြိမ်မြောက် အထုတ်ခံခဲ့ရပါတယ်။
ရိုမီယိုအတွက် ယင်းအနီကတ်မှာ ယခုရာသီ ဒုတိယမြောက် အနီကတ်ဖြစ်ရာ ၁ ပွဲတိုးမြှင့်ပွဲပယ်ခံလာရှိနေပြီး ၄ ပွဲပယ်ထိ ကျခံလာရနိုင်ပါတယ်။

image