နယူးကာဆယ်စတားတိုနာလီကို အဓိကပစ်မှတ်ထားလာတဲ့ ယူနိုက်တက်
===================
ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကွင်းလယ်ကစားသမားအားဖြည့်ရေးတွင် နယူးကာဆယ်စတားဆန်ဒရိုတိုနာလီအား အဓိကပစ်မှတ်အဖြစ် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အီတလီစတားဟာ နွေရာသီတွင် နယူးကာဆယ်မှ ထွက်ခွာလိမ့်မယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။
ပြောင်းရွှေ့ကြေးတန်ကြေး ပေါင်သန်း ၁၀၀ ရှိတဲ့ အီတလီစတားကို ယူနိုက်တက်အပြင် အာဆင်နယ်၊ ချဲလ်ဆီးနှင့် မန်စီးတီးတို့ကလည်း ပစ်မှတ်ထားနေတာပါ။
၂၀၂၃ ခုနှစ်တွင် အေစီမီလန်မှ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာတဲ့ တိုနာလီကို အီတလီကလပ်များကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါသေးတယ်။
ဒါပေမယ့် ယနေ့တွင် The Telegraph ရဲ့ ဖော်ပြလာမှုအရ တိုနာလီမှာ ယူနိုက်တက်ရဲ့ နွေရာသီ အဓိကပစ်မှတ်ဖြစ်နေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတွင် ကက်စ်မီရို ထွက်ခွာလာမှာ ဖြစ်လို့ ကွင်းလယ်ကို အဓိက အားဖြည့်လာရမှာ ဖြစ်ပြီး တိုနာလီအပြင် နော်တင်ဟမ်ဖောရက်စ်မှ အီးလီးယော့အင်ဒါဆင်၊ ခရစ္စတယ်ပဲလေ့စ်ရဲ့ အဒမ်ဝါတွန်တို့ကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။
ယာယီနည်းပြမိုက်ကယ်ကာရစ်လက်အောက်တွင် ၄ ပွဲဆက် နိုင်ပွဲ ရထားတဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် မျှော်လင့်ထားပြီး ဝင်ခွင့် ရရှိလာပါက တိုနာလီအား ခေါ်ယူရေး ဆွဲဆောင်လာနိုင်ပါမယ်။
နယူးကာဆယ်တွင် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ တိုနာလီဟာ နယူးကာဆယ်တွင် ပျော်ရွှင်နေတဲ့အပြင် လောင်းကစားမှုကြောင့် ပွဲပယ်ခံထားရစဉ်အတွင်း အပြည့်အဝ အကူအညီပေးခဲ့မှုအပေါ် ကျေးဇူးတင်ပေမယ့်လည်း ယခုရာသီ ရလဒ်ဆိုးရွားနေမှုအပေါ် စိတ်ပျက်နေပါတယ်။

image