5 d - Translate

သူတပါး ပါးစပ်ဖျားမှာ လမ်းမဆုံးလိုက်ပါနဲ့
လူတစ်ယောက်က သင့်ကို မကောင်းဘူးလို့ ဝေဖန်နေယုံနဲ့ သင်က မကောင်းတဲ့လူ ဖြစ်သွားမှာ မဟုတ်ဘူး။
လူတစ်ယောက်က မဖြစ်နိုင်ဘူးပြောရုံနဲ့ ကိုယ်က စိတ်ဓါတ်ကျသွားရမှာ မဟုတ်ဘူး။
လူတစ်ယောက်က အသုံးမကျဘူးလို့ ပြောရုံနဲ့ ကိုယ်က သုံးစားမရတဲ့သူ ဖြစ်သွားမှာ မဟုတ်ဘူး။
တကယ် အလုပ်လုပ်နေတဲ့သူတိုင်း ဝေဖန်ခံရမယ်။ တကယ် ကြိုးစားနေတဲ့သူတိုင်း တိုက်ခိုက် ခံရမယ်။
အမြင့်ကို တက်ဖို့ ကြိုးစားနေတဲ့သူတိုင်း လေပြင်းဒဏ်ခံရတာ သဘာဝပဲ။ ဒါကြောင့် ဝေဖန်ရမှာ သူတို့အလုပ်ဆိုရင် ကြိုးစားရမှာက ကိုယ့်အလုပ်ပဲ။
သူတပါး စကားမှာပဲ လမ်းဆုံးနေရင် ရှေ့ကို ရောက်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ယုံကြည်ချက်ကို သူများစကားကြောင့် မပျက်စီးပါစေနဲ့။
ရှေ့ကို တိုးကြည့်ဖို့ လိုသလို အမြင့်ကနေလည်း တက်ကြည့်ရပါလိမ့်မယ်။
ဒါမှသာ အခြေအနေမှန်ကို သိပြီး ကိုယ့်ရဲ့အားနည်းချက်ကို ပြင်ဆင်နိုင်ပါလိမ့်မယ်။ အားသာချက်ကိုလည်း အကောင်းဆုံး အသုံးချနိုင်ရမယ်။
ဒါကြောင့် ကြိုးစားနေတဲ့ လူတိုင်းဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ကိုယ့်လမ်းကို ဖောက်ဖို့နဲ့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ အာရုံစိုက်လိုက်ပါ....။
with respect

image