တိရစ္ဆာန်ဆေးကုဝန်ဆောင်မှု လုပ်ငန်းများခွင့်ပြုလက်မှတ်များ လျှောက်ထားရမည်
နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ခွင့်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်သက်ဆိုင်ရာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနသို့ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားပြီးခွင့်ပြုမိန့်လျှောက်ထားရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
လျှောက်ထားမည့်သူများအနေဖြင့် လုပ်ငန်းတည်ရှိရာ လိပ်စာနှင့်အဆောက်အအုံမြေနေရာ အကျယ်အဝန်း၊ ကြီးကြပ်ဆောင်ရွက်မည့်သူစာရင်းအပါအဝင် ပူးတွဲလျှောက်ထားတင်ပြရမည့် အချက်အလက်များကိုလည်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ခွင့်ပြုမိန့် မလျှောက်ထားဘဲဖွင့်လှစ်ထားသည့်ကို စစ်ဆေးတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်ငန်းစိစစ်ရေးအဖွဲ့မှစိစစ်ပြီး ဗဟို ကြီးကြပ်မှုကော်မတီက အတည်ပြု၍ ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။