မြန်မာနိုင်ငံအတွက်အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သော်လည်း အကျိုးအမြတ်ရရှိအောင်ဆောင်ရွက်နိုင်ခဲ့

ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား လူမျိုးသုဥ်းစေမှုဖြင့်တရားစွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံအတွက်အ လွန်ကြီးမားသည့်စိန်ခေါ်မှုဖြစ်သော်လည်း ယင်းစိန်ခေါ်မှုမှ မြန်မာနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင် ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဖေဖော်ဝါရီ ၈ ရက်ညနေပိုင်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တ ရားရင်ဆိုင်ကြားနာပွဲသို့သွားရောက်ဖြေရှင်းခဲ့သည့် မြန် မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
အရေးအကြီးဆုံးအကျိုးအမြတ်မှာ "အရေးကြီးပြီသွေး စည်းကြစို့"ဟူသည့်အတိုင်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခံရသော ယခုအမှုအပေါ် မြန်မာပြည်သူလူထုတစ် ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံးလက်တွဲပြီး နိုင်ငံချစ်စိတ်နှင့် ကိုယ့်နိုင်ငံဘက်က အ ပြည့်အဝထောက်ခံရပ်တည်ခဲ့ကြ၍ အမျိုးသားစည်း လုံးညီညွတ်မှု၏သာဓကတစ်ရပ်ရရှိခဲ့သည်ဟု ပြော သည်။
" နောက်ထပ်အကျိုးအမြတ်တစ်ခုက နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ အရင်းအ မြစ်တစ်ခုဖြစ်တဲ့ နိုင်ငံရေးအရ လုပ်ကြံဖန်တီးထားတဲ့ အမည်အမှတ်သရုပ်လက္ခဏာတစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားအခိုင်အမာနဲ့ တင်ပြခွင့်ရခဲ့ပါတယ်" ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် ဥပဒေပိုင်းဆိုင်ရာတွင်လည်း ယင်းအမှုမှ နိုင်ငံ တကာအဆင့်အတွေ့အကြုံများရရှိခဲ့ပြီး မိမိနိုင်ငံအလတွက် ဥပဒေကြောင်းအရ အလားတူထိုးနှက်တိုက်ခိုက်လာခြင်းမျိုးထပ်မံရှိလာပါက မည်ကဲ့သို့ အကောင်းဆုံးပြင်ဆင်သွားမည်ဟူသည့် အသိအမြင်ဗဟုသုတများ ရရှိနိုင်ခဲ့သည်မှာ အဆိုးထဲကအမြတ်တစ်ခုဖြစ်သည်ဟု ပြောသည်။
ထို့အတူ ကုလသမဂ္ဂ၏လက်အောက်ခံအဖွဲ့အစည်းဖြစ်သည့် ICJ အနေဖြင့် မည်သည့်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ယခုအမှုကိစ္စနှင့်ပတ်သက်၍ ကိစ္စကြီးငယ်မခွဲခြားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့်စနစ်တကျပြင်ဆင်ပြီး အင်ပြည့်အားပြည့်ဆောင်ရွက်ခဲ့သဖြင့် ယခုအခြေအနေမျိုးအထိရောက် လာနိုင်ခြင်းဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်နှစ်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image