1 w - Translate

Kakapo ကြက်တူရွေးတွေ ဟာ ကမ္ဘာပေါ်မှာ အတုံးဆုံးငှက်တွေဖြစ်ပြီး သူတိုကို ကမ္ဘာ့အတုံးဆုံးငှက် လို ခေါ်ကြတာဟာ သူတိုရဲ့ ရိုးအလွန်းတဲ့ အပြုအမူတွေကြောင့်ပဲဖြစ်ပါတယ် ဒါပေမဲ့ တကယ့်တကယ်တော့ ဒါဟာ သူတိုရဲ့ ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်ပြီး ရန်သူမရှိတဲ့ ကျွန်းပေါ်မှာ နှစ်ပေါင်းသန်းချီ နေထိုင်လာခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့ ထူးခြားချက်တွေပဲဖြစ်ပါတယ်
ဒီငှက်လေးတွေရဲ့ ဘဝဟာ တကယ့်ကို ရယ်ရမလို ငိုရမလို ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေပါတယ် Kakapo ဟာ ကမ္ဘာပေါ်မှာ ပျံသန်းနိုင်စွမ်းမရှိတဲ့ တစ်ခုတည်းသော ကြက်တူရွေး မျိုးနွယ်လည်းဖြစ်ပါတယ် သူတိုဟာ ပျံဖိုမလိုတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရလို အတောင်ပံတွေက သေးငယ်ပြီး ခန္ဓာကိုယ်က အရမ်းလေးလံလာတာပါ ဒါပေမဲ့ သူတိုကိုယ်သူတို ငှက်ဆိုတာကို မမေ့သေးတဲ့အတွက် သစ်ပင်ပေါ် တက်တက်သွားပြီး ခုန်ချလေ့ရှိပါတယ် ဒါပေမဲ့ ရလဒ်ကတော့ ပျံတက်မယ့်အစား ကျောက်ခဲတစ်လုံးလို မြေပြင်ပေါ်ကို ဘုန်းခနဲ ကျသလိုပဲဖြစ်သွားခဲ့ပါတယ်
နောက်ပြီး သူတိုရဲ့ မျိုးပွါးပုံကလည်း တကယ့်ကို အားမလိုအားမရ ဖြစ်စရာပါပဲ အဖိုတွေဟာ မြေကြီးထဲမှာ ကျင်းတူး အထဲဝင်ထိုင်ပြီး အမတွေကို ဆွဲဆောင်ဖို နာရီပေါင်းများစွာ အော်နေတတ်ပါတယ် အသံကတော့ သင်္ဘောဥဩဆွဲသံလို အသံဖြစ်ပြီး မိုင်ပေါင်းများစွာအထိ ကြားနိုင်ပါတယ် ဒီနည်းလမ်းဟာ (၅) နှစ်မှာ တစ်ကြိမ်လောက်ပဲ အောင်မြင်တတ်တာကြောင့် အဆင်မပြေတဲ့အခါမှာ သူတိုဟာ လမ်းလျှောက်ရင်း တွေ့တဲ့ ကျောက်ခဲတွေ၊ သစ်ရွက်တွေ နဲ့ လူတွေရဲ့ ဦးခေါင်းကိုတောင် သူတိုရဲ့ အိမ်ထောင်ဖက်အဖြစ် မှားယွင်းပြီး ပိုးပန်းကာ မိတ်လိုက်တတ်ကြပါတယ်
ဒီလောက် တုံးအလွန်းတဲ့အတွက်ကြောင့်လည်း သူတိုဟာ မျိုးသုဉ်းဖို အင်မတန် နီးစပ်နေတာပါ ရန်သူတွေ့ရင် သူတိုဟာ ထွက်ပြေးမယ့်အစား သစ်တုံးတစ်တုံးလို ငြိမ်ပြီး ရပ်နေတတ်ပါတယ် ဒါဟာ အရင်ကတော့ သစ်တောတွေထဲမှာ ရုပ်ဖျက်ဖို ကောင်းပေမဲ့ အခုခေတ် ကြောင်တွေ၊ ခွေးတွေနဲ့ တွေ့တဲ့အခါမှာတော့ အလွယ်တကူ အစားခံရတတ်ပါတယ်
အခုအချိန်မှာတော့ ဒီငှက်လေးတွေဟာ အရေအတွက်အားဖြင့် (၂၀၀) ကျော်လောက်ပဲ ကျန်ရှိတော့ပြီး နယူးဇီလန်အစိုးရကလည်း ဒီငှက်လေးတွေကို သေချာစောင့်ရှောက်ထားပါတယ် ဒါကြောင့် Kakapo ငှက်လေးတွေဟာ သဘာဝတရားက ဖန်တီးထားတဲ့ ချစ်စရာအကောင်းဆုံး အမှားတစ်ခုလိုတောင် ပြောရမှာပါ သူတိုရဲ့ ရိုးအအ အပြုအမူလေးတွေကပဲ သူတိုကို လူတကာချစ်သွားစေတာပါ

image