နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ဝတ်မှုန်ရွှေရည်တစ်ပြေးနေ

ဒါရို-က်တာ အကယ်ဒမီဝင်းလွင်ထက် ပုံဖော်ရိုက်ကူးထားသည့် နတ်ဝင်သည် ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုန်ရွှေရည်က တစ်ပြေးနေသည်။

“နတ်ဝင်သည်” ဆိုသည့် ဇာတ်ကားသည် ဝိညာဉ်၊ ပရလောကသား၊ နတ်လောကနှင့် ပတ်သက်ဆက်နွှယ်သည့် ရုပ်ရှင်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြသည့် သရုပ်ဆောင်တစ်ဦးချင်းစီသည်လည်း အနုပညာစွမ်းရည် အံ့မခန်းပြောင်မြောက်စွာမြင်တွေ့ခဲ့ရသည်။

“နတ်ဝင်သည်” ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း မိုးနီလွင်၊ ဇာတ်လမ်း/ဒါရို-က်တာ အကယ်ဒမီ ဝင်းလွင်ထက်တို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဖိုးတေး အဖြစ် အလင်းရောင်၊ လေးငုံအဖြစ် ဝတ်မှုံရွှေရည်၊ မညိုအဖြစ် ဖူးစုံ၊ ထွန်းအုံအဖြစ် ချာလီ၊ ဦးစံရအဖြစ် နေထက်လင်း၊ မယ်တုံအဖြစ် မျိုးသန္တာထွန်း၊ ဦးအောင်မောင်းအဖြစ် ညီနန္ဒ၊ စိတ်တုတ်အဖြစ် ပြည့်ကောင်းစုသန့် စသည့် သရုပ်ဆောင်များစွာက အပေးအယူမျှတစွာ ပုံဖော်သရုပ်ဆောင်ထားကြသည်။

image