1 ပတ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆)ဖွင့်လှစ်
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆)ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုစင်တာ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားများအား နိုင်ငံတော် ယာယီသမ္မ တ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ယာယီသမ္မတသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအထိမ်းအမှတ် တက္ကသိုလ်များအလိုက်ပြသထားသည့် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်း အခမ်းအနားများကို ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းလမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့် နိုင်ငံတော်၏ ပ ညာရည်မြင့်မားတိုးတက်စေရန်၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်းအဆင့်မြင့်မားမှု၊ အရည်အ သွေးပြည့်မီမှုတို့ကိုရှေးရှုပြီး နိုင်ငံတကာအဆင့်မီ သု တေသနလုပ်ငန်းများဆောင်ရွက်ရန်တွန်းအားပေးသည့်အနေဖြင့် စာတမ်းများတင်ပြဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးပြီးနောက် အကောင်းဆုံးသုတေသနစာ တမ်းဆုများချီးမြှင့်ရန်နှင့် သုတေသနညီလာခံမှ ဘာ သာရပ်အလိုက်အဆင့်မီသော သုတေသနစာတမ်းများကိုစုစည်းတည်းဖြတ်၍ ဂျာနယ်များထုတ်ဝေဖြန့်ချိရန် ညီလာခံအား ဖေဖော်ဝါရီ ၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ညီလာခံတွင် ပြည်တွင်း/ပြည်ပမှ စာတမ်းရှင်များက လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများရေရှည်ဖွံ့ဖြိုးရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာ ရပ်(၃၃)မျိုးအတွက် သုတေသနစာတမ်း(၃၁၂)စောင်ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

image