စကော့မက်တိုမီနေးမှာ ပရီးမီးယားလိဂ်သို့ ပြန်နိုင်ကြောင်း နာပိုလီဝန်ခံလာ
======================
နာပိုလီက ၎င်းတို့မှာ စကော့မက်တိုမီနေးအား ဆုံးရှုံးလာရနိုင်ကြောင်း ဝန်ခံ ပြောကြားလာပါတယ်။
ယူနိုက်တက်စတားဟောင်းဟာ နာပိုလီနှင့်အတူ စီးရီးအေတွင် ခြေစွမ်းပြကစားနိုင်ပြီးနောက် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
မက်တိုမီနေးဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်မှ ထွက်ခွာကာ နာပိုလီသို့ ပြောင်းပြီးနောက် ပထမဆုံးရာသီတွင် စီးရီးအေဖလား ရရှိအောင် အဓိကနေရာမှ ခြေစွမ်းပြကာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင်လည်း နာပိုလီအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၃ ဂိုးသွင်းကာ ထိပ်တန်းခြေစွမ်းဖြင့် ကစားနေတုန်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ၁၉ ဂိုးသွင်းခဲ့တဲ့ မက်တိုမီနေးဟာ နာပိုလီရဲ့အဓိကကစားသမားဖြစ်သလို ပရိသတ်အချစ်တော်ကစားသမားဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်သို့ ပြန်မယ်လို့ သတင်းထွက်နေပါတယ်။
ယခုအခါ နာပိုလီရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးရေးအရာရှိ လီယိုနာဒိုဂီယမ်မာရီယိုလီက "ကျွန်တော်တို့ စိုးရိမ်ပါတယ်(ဆုံးရှံ့းရမှာ)။ ဒါပေမယ့် စကော့ကလည်း တိုးတက်မှုနဲ့ ထိုက်တန်တယ်။ လာမယ့်ရာသီမှာ ဆက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အနာဂတ်မှာ ကြုံလာမယ့်အခွင့်အလမ်းက သူနဲ့ ထိုက်တန်တယ်"လို့ ပြောကြားသွားပါတယ်။