ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး ဘယ်အချိန်တွင် အမိုရမ် လူသိရှင်ကြားတုံ့ပြန်လာမလဲ?
======================
ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်ဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရမှုနှင့်ပတ်သက်ပြီး ရာသီအကုန်အထိ နှုတ်ဆိတ်နေဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၁ နှစ်ရှိ အမိုရမ်ဟာ ရာသီအကုန်တွင်မှ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမှုနှင့်ပတ်သက်ပြီး သူ့ဘက်ကအမြင်ကို လူသိရှင်ကြား ပြောကြားလာမှာလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ ယခုကဲ့သို့ ရာသီတစ်ဝက်ကာလတွင် လူသိရှင်ကြား ပြောဆိုမှု ပြုလုပ်လာပါက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး ကြိုးပမ်းနေမှုအပေါ် ရိုက်ခတ်လာနိုင်ခြေ ရှိနေမှုနှင့်အတူ လာမယ့်နွေရာသီအထိ နှုတ်ဆိတ်နေဦးမှာ ဖြစ်ပါတယ်။
အမိုရမ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်စဉ်တုန်းက သတင်းစာရှင်းလင်းပွဲများတွင် သူ့အမြင်ကို မကွယ်မဝှက်ဘဲ ထုတ်ဖော် ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။
သူဟာ ဇန်နဝါရီလတုန်းက အိုးထရက်ဖို့ဒ်သို့ ရောက်လာတာ နည်းပြလုပ်ရန် မဟုတ်ဘဲ မန်နေဂျာလုပ်ရန် ဖြစ်ကြောင်း ပြောကြားကာ ပါဝါအလုံးစုံ အသုံးပြုခွင့်ရရှိရေး လူသိရှင်ကြား စိန်ခေါ် ပြောဆိုရာမှာ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ အလွန်တွင် ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ရရှိထားကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။
တဖက်တွင် လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ အမိုရမ်ဟာ နည်းပြလောကသို့ အလျှင်စလို ပြန်လည် ဝင်ရောက်ရန် အစီအစဉ် မရှိဘဲ လာမယ့် နွေရာသီတွင်မှ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပါတယ်။