4 ရက် - ဘာသာပြန်ပါ။

ပိတ်ရက်ကာလအတွင်း အထူးရထားများ ပြေးဆွဲမည်
----------------------
ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက် ကာလတွေအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာသွားလာနိုင်ဖို့အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် အထူးရထားခရီးစဉ်တွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက ကြေညာထားပါတယ်။
ပြေးဆွဲပေးမဲ့ အထူးရထားခရီးစဉ်တွေကတော့ ဖေဖော်ဝါရီ၁၂ရက် ပြည်ထောင်စုနေ့မှာ ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထား၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထား၊ ရန်ကုန်-ပြည် လေအိတ်အဆန်အထူးရထားတွေ ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထားဟာ နေပြည်တော်ဘူတာကနေ နေ့လယ်၁၂နာရီခွဲ၊ ရန်ကုန်-မော်လမြိုင် လေအိတ်အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၉နာရီ၁၅မိနစ်၊ ရန်ကုန်-ပြည် လေအိတ်အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ နေ့လယ်၁နာရီမှာ အသီးသီးထွက်ခွာမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ၁၇ရက်မှာတော့ ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထား၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် လေအိတ်အစုန်အထူးရထား၊ ပြည်-ရန်ကုန် လေအိတ်အစုန်အထူးရထားတွေ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
ရန်ကုန်-နေပြည်တော် DEMUအဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၆နာရီခွဲ၊ နေပြည်တော်-ရန်ကုန် DEMUအစုန်အထူးရထားဟာ နေပြည်တော်ဘူတာကနေ နေ့လယ်၁၂နာရီခွဲ၊ မော်လမြိုင်-ရန်ကုန် လေအိတ်အစုန်အထူးရထားဟာ မော်လမြိုင်ဘူတာကနေ မနက်၉နာရီ၁၀မိနစ်၊ ပြည်-ရန်ကုန် လေအိတ်အစုန်အထူးရထားဟာ ပြည်ဘူတာကနေ ည၁၀နာရီခွဲမှာ အသီးသီးထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
အထူးရထားတွေရဲ့ လက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်ပေးမဲ့ဘူတာတွေက လက်ရှိပြေးဆွဲနေတဲ့ ရထားတွေနဲ့ အတူတူပဲဖြစ်ပြီး အထက်တန်းလက်မှတ်ကို (၃)ရက်ကြို၊ ရိုးရိုးတန်းလက်မှတ်ကို (၁)ရက်ကြို ဝယ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် အထူးရထားအတွက် ကြိုတင်လက်မှတ်ကို ORTPစနစ်နဲ့ အွန်လိုင်းကနေ ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးဆုံးဘူတာတွေအတွက် (၇)ရက်ကြို၊ ကြားဘူတာတွေအတွက် (၃)ရက်ကြို ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။

image