မန္တလေး KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း ပြုလုပ်ပေးနေ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၃) လမ်းနှင့် (၁၁၀) လမ်းထောင့်ရှိ KBZ Center Mandalay တွင် အခမဲ့ ကျော က်ကပ်သွေးသန့်စင် ကုသပေးခြင်း ပြုလုပ်ပေးနေကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၄) ရက် က စတင်ကာ ပြုလုပ်ပေးနေခြင်းဖြစ်ကာ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ် စစ်ဆေးကုသပေးခြင်းနှင့် အထွေထွေရောဂါ အ ထူးကု ဆရာဝန်ကြီးမှ အခမဲ့စမ်းသပ် စစ်ဆေးကုသပေးခြ င်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အထွေထွေရောဂါ အထူးကုသမားတော်ကြီးများထံ ပြသလိုပါက ကနဦးအနေဖြင့် စင်တာတာဝန်ကျ ဆရာဝန်များနှင့် ရှေးဦးပဏာမ ဆွေးနွေးတိုင်ပင်ကုသမှု (Consultation) ပြုလုပ်ရန်လိုအပ်ကာ အထူးကုသမားတော်ကြီးနှင့် ဆက်လက်ပြသရက် လိုအပ်လျှင် ရက်ချိန်းကို တပါတည်း သတ်မှတ်ပေးသွားမည် ဖြစ်သည်ဟုလည်း သိရသည်။
KBZ Center Mandalay ၏ အထွေထွေရောဂါ အထူးကုသမားတော်ကြီးထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးနေသည်ဟုလည်း သိရသည်။
ထို့ပြင် အထူးကုသမားတော်ကြီးများထံ ပြသခြင်း၊ Ultrasound ရို-က်ကူးခြင်းနှင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်သည်ဟု သိရသည်။

image