ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများ ပါဝင်သည့် သုသေတနများလုပ်ရန် လိုအပ်
ပညာရှင်များအနေဖြင့် ဌာနတစ်ခုစီ သီးခြားရိတ်ချိန်လွန် နည်းပညာရပ်ကို သုတေသန ပြု ဖော်ထုတ်နေကြမည့်အစား တက္ကသိုလ် သုတေသနဌာန နည်းပညာပြန့်ပွားရေး ဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောသည်။
ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများ ပါဝင်သည့် သုသေတနများလုပ်ရန်လိုအပ်ပြီး သုတေသနရလဒ်များကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချသွားရန် လည်း ဒေါက်တာတင်ထွဋ်က တိုက်တွန်းပြောကြားထားသည်။
ယမန်နေ့က အရည်အသွေးကောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ရရှိနိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါမှု ခေါင်းစဉ်ဖြင့် နေပြည်တော်၌ ဆွေးနွေးပွဲကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများ နှင့် ဖြစ်ပွားရသည့် အကြောင်းရင်းများကို လျှော့ချရန် ပြုလုပ်နေသည့် သုတေသနများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် သုတေသနများ လက်ရှိထုတ်လုပ်မှုနှင့် အရည်သွေးကောင်း ဟင်းသီးဟင်းရွက် သစ်သီးဝလံများရရှိနိုင်ရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

image