21 နာရီ - ဘာသာပြန်ပါ။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) နှင့် ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း ၂၉၀၀ ကျော် ခန့်အပ်တာဝန်ပေးနိုင်ခဲ့

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) ၂၆၃၃ ဦး နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၃၅၂ ဦး စုစုပေါင်း ၂၉၈၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များကို နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ကိုလည်း ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ထောက်ပံကြေး၊ ဘွဲ့လွန်ထောက်ပံကြေး ဆေးရုံညကျတာဝန်ကျ ထောက်ပံကြေးများကိုလည်း ချီးမြှင့်နေပြီး သူနာပြုသင်တန်းကျောင်းများကိုလည်း သူနာပြုသိပ္ပံအဖြစ် တိုးမြှင့်ပေးရန် စီစဉ်နေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ‌ဒေါက်တာသက်ခိုင်ဝင်းက အဆိုပါ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်း သူနာပြုသိပ္ပံဘွဲ့ ရ ၄၄၇ ဦး၊ သူနာပြုဒီပလိုမာဘွဲ့ရ ၅၈၉၉ ဦး၊ သွားဖွားဒီပလိုမာဘွဲ့ရ ၁၈၅ ဦး၊ အကူသူနာပြု ၃၁၇၇ ဦး၊ ဆေးဝါးသိပ္ပံ ဘွဲ့ရ ၂၃၇ ဦး၊ ဆေးဘက်နည်းပညာဘွဲ့ရ ၅၃၈ ဦး ကျွမ်းကျင် အဆင့် (၄) ဝန်ထမ်း ၃၁၅၀ ဦးတို့ကိုလည်း ခန့်အပ်တာဝန်ပေးအပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ငံတကာအသိမှတ်ပြုစာမေးပွဲများကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုထားသည့်အပြင် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမားရေးစောင့်ရှောက်မှုကဏ္ဍတွင် အစွမ်းကုန်ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

image