ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပြဋ္ဌာန်း
-----------------------
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဖေဖော်ဝါရီ ၄ရက် ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဥပဒေရဲ့ မူကြမ်းကို ပြီးခဲ့တဲ့၂၀၁၈ခုနှစ်က စတင်ရေးဆွဲခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ စံချိန်စံညွှန်းပြည့်မီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အသုံးပြုနိုင်ဖို့၊ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးနိုင်ဖို့၊ ဆောက်လုပ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာဖို့ စတဲ့ကိစ္စရပ်တွေမှာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပြည့်အစုံကို နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

image