ဆိုးဆိုးရွားရွား ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရတဲ့ ချဲလ်ဆီးနှင့် ဝက်စ်ဟမ်း
===================
ချဲလ်ဆီးနှင့်ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်နှောင်းပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် စွဲချက်တင်ခြင်းခံလာရပါတယ်။
လန်ဒန်မြို့ခံကလပ်နှစ်ခုတို့ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်နှောင်းပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်အတွင်း ဝက်စ်ဟမ်းနောက်ခံလူဂျိန်းကလဲယားတိုဒီဘိုမှာ ချဲလ်ဆီးစတားဂျိုအာပီဒရိုကို လက်ပတ်ညှစ်မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ယခုအခါ အက်ဖ်အေဟာ ယင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် ကလပ်နှစ်ခုလုံးအား စွဲချက်တင်လာပြီလည်း ဖြစ်ပါတယ်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုမှာ ဝက်စ်ဟမ်းအတွက် ပထမဆုံးပါဝင်ကစားခဲ့တဲ့ အဒါမာထရာအိုရီက မာ့ခ်ကူကူရယ်လာကို လဲကျအောင် လုပ်ရာမှ စတင်ခဲ့တာပါ။
ယင်းအချိန်တွင် ပီဒရိုက ဖူလ်ဟမ်စတားဟောင်းကို ဆောင့်တွန်းခဲ့ပြီး နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ပရိသတ်များက ပွဲချိန် ၉၅ မိနစ်တွင် ဖြစ်ပျက်ခဲ့တဲ့ ယင်းအဖြစ်အပျက်အား WWE Royal Rumble နှင့် ခိုင်းနှိုင်း ပြောဆိုနေကြပါတယ်။
အထက်ပါ အဖြစ်အပျက်ကို VAR က စစ်ဆေးပြီးနောက် ဒိုင်လူကြီးအန်တိုနီတေလာက တိုဒီဘိုအား အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
တိုဒီဘိုဟာ ယင်းအနီကတ်ကြောင့် ၃ ပွဲပယ်ခံလာရမှာ ဖြစ်ပြီး ဘန်လေ၊ ယူနိုက်တက်၊ ဘာတန်တို့နှင့် ပွဲစဉ်များကို လွဲချော်လာပါမယ်။

image