ကာရစ်လက်ထက် ပထမဆုံးအကြိမ် ပထမအသင်းနှင့် လေ့ကျင့်ခန်းဆင်းခွင့်ရလာတဲ့ ပါရမီရှင် ဂျေဂျေဂါဘရီရယ်
==================
ယူနိုက်တက်လူငယ်ပါရမီရှင်ဂျေဂျေဂါဘရီရယ်ဟာ ယာယီနည်းပြသစ်မိုက်ကယ်ကာရစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ရလာပါတယ်။
အသက် ၁၅ နှစ်ရှိ ဂါဘရီရယ်ဟာ ကာရစ်တက်ရောက်ကြည့်ရှုတဲ့ ယူနိုက်တက်ရဲ့ FA Youth Cup နိုင်ပွဲ ၂ ပွဲလုံးတွင် ပွဲထွက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ယခင် ယူနိုက်တက်နည်းပြရူဘင်အမိုရမ်လက်ထက်တုန်းက ပထမအသင်းနှင့်အတူ ၂ ကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့တုန်းက ပထမအသင်းအား အနားပေးခဲ့ပြီးနောက် အင်္ဂါနေ့ ပြန်လည်အားပြန်မွေးရေး နေ့တွင် ဂါဘရီရယ်ပါ လေ့ကျင့်ခန်းဆင်းခွင့်ရလာတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက လူငယ်ကစားသမား ၁၃ ဦးအထိ အငှားချခဲ့ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဂါဘရီရယ်ကို ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီးများက ခေါ်ယူလိုနေမှုနှင့်အတူ အသင်းတွင် ဆက်ထိန်းထားနိုင်ရေး အခြေကျအောင် လုပ်ဆောင်ထားရပါတယ်။
ဂါဘရီရယ်ဟာ လာမယ့် အောက်တိုဘာလ ၁၆ ရက်တွင်မှ အသက် ၁၆ နှစ်ပြည့်မယ့်သူ ဖြစ်ပြီး အသက် ၁၇ နှစ်ပြည့်ချိန်တွင်မှ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုနိုင်ပါမယ်။
ဂါဘရီရယ်ဟာ ယူနိုက်တက်အကယ်ဒမီကစားသမားများထဲတွင် အလားအလာအကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ယူ-၁၈ နည်းပြဒါရင်းဖလက်ချာက ကမ္ဘာ့အကောင်းဆုံးလူငယ်အဖြစ် ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။

image