2 ရက် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ အင်္ဂလန်အတွက် တစ်ပွဲကစားထားတဲ့ စတားကို ခေါ်ယူနိုင်ရေး စကော့တလန် လုပ်ဆောင်လာ
=====================
စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်ဟာ အင်္ဂလန်လက်ရွေးစင်ဟာဗေးဘန်းစ်အား စကော့တလန်အတွက် ရွေးချယ်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်လာပါတယ်။
နယူးကာဆယ်တောင်ပံကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တစ်ပွဲ ကစားခွင့်ရထားပေမယ့်လည်း သောမတ်စ်တူချယ်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားစီမံကိန်းတွင် မပါဝင်ပါဘူး။
တူချယ်ဟာ ဘယ်ခြမ်းတိုက်စစ်အတွက် မားကပ်စ်ရက်ဖို့ဒ်၊ အန်တိုနီဂေါ်ဒွန်၊ မော်ဂန်ရိုဂျာအပြင် ဖီးလ်ဖိုဒန်လည်း ရှိနေမှုနှင့်အတူ ဟာဗေးဘန်းစ်ကို ရွေးချယ်ရန် အစီအစဉ် မရှိပါဘူး။
ဒါပေမယ့် တဖက်မှာ ဟာဗေးဘန်းစ်အနေဖြင့် စကော့တလန်အသင်းအတွက် ကစားရန် ဆုံးဖြတ်လာပါက ဘယ်ခြမ်းတိုက်စစ်မှာ နေရာတစ်နေရာ အခိုင်အမာ ရရှိရန် သေချာနေသလို ကမ္ဘာ့ဖလားတွင် ရွေးချယ်ခံလာရရန် သေချာနေပါတယ်။
ယနေ့တွင် The Telegraph ရဲ့ဖော်ပြလာမှုအရ စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်ဟာ ဟာဗေးဘန်းစ်အား မတ်လနိုင်ငံတကာပွဲစဉ်များမတိုင်မီ ဘန်းစ်ကို နိုင်ငံပြောင်းကစားရေး ဖျောင်းဖျလာကြောင်း သိရပါတယ်။
ဘန်လေဖွား ဟာဗေးဘန်းစ်ဟာ ၂၀၂၀ ခုနှစ်တုန်းက ဝေးလ်နှင့် ခြေစမ်းပွဲတွင် အင်္ဂလန်အတွက် ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ယခင်တုန်းက အင်္ဂလန်အတွက်သာ ကစားရန် စိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အင်္ဂလန်တွင် နောက်ထပ် ရွေးချယ်ခြင်းခံရရန် အချိန်အတန်ကြာ စောင့်ဆိုင်းလာရမှုအပေါ် စိတ်မရှည်နိုင်တော့ဘဲ စကော့တလန်အတွက် ကစားရန် ရွေးချယ်လာနိုင်ပါတယ်။
ဒါ့အပြင် စကော့တလန်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားရာ ဟာဗေးဘန်းစ်အနေဖြင့် ကမ္ဘာ့အဆင့်တွင် ခြေစွမ်းပြလာနိုင်ပါတယ်။
တကယ်လို့များ စကော့တလန်အတွက် ကစားလာမည်ဆိုပါက ဟာဗေးဘန်းစ်အနေဖြင့် အင်ဒီရောဘတ်ဆင်၊ စကော့မက်တိုမီနေး၊ ဂျွန်မက်ဂင်းတို့နှင့် တွဲကစားလာရပါမယ်။
စကော့တလန်ဟာ မေလ ၂၆ ရက်နေ့နှင့် မေလ ၂၈ ရက်တို့မှာ ကူရာကာအို၊ ဂျပန်တို့နှင့် ခြေစမ်းပွဲကစားသွားမှာ ဖြစ်ပြီး ယင်းပွဲများတွင် ဟာဗေးဘန်းစ်ကို ရွေးချယ်နိုင်ရန် မျှော်လင့်ထားပါတယ်။
စကော့တလန်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန်လ ၁၄ ရက်နေ့တွင် ဟေတီနှင့် ရင်ဆိုင်ကစားရပါမယ်။

image