စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၆) မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်
စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၆) မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၂၁) မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၆၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၈၅) ဒီဂရီ၊ အနက် (၄၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၀၄) မိနစ်၊ (၀၂) စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၇၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်-အနောက်မြောက်ဘက် (၂၀) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၄) ဒီဂရီ၊ အနက် (၅၈) ကီလို မီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.ဝ) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလကထုတ်ပြန်ထားသည်။