ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မြစန္ဒာခရီးသည်တင်ယာဉ် အင်ဂျင်ခန်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မြစန္ဒာခရီးသည်တင်ယာဉ် အင်ဂျင်ခန်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)ဖာလုံ အနီးတွင် မြစန္ဒာ ခရီးသည်တင်ယာဉ်သည် နောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနေရာသို့ ပေပင်လေးအမြန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။