အက်ပ်စတိန်းအမှုအတွက် ကလင်တန်ဇနီးမောင်နှံ သက်သေထွက်ဆိုမည်
-----------------------------------------
လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေစဉ်မှာ သေဆုံးသွားခဲ့သူ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက် ပြီး လွှတ်တော်စုံစမ်းစစ်ဆေးရေးမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့က သက်သေထွက်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်က CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသဘောတူညီချက်ဟာ လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဆင့်ခေါ်မှုကို ငြင်းဆန်ခဲ့တဲ့ ကလင်တန်ဇနီးမောင်နှံကို "လွှတ်တော်ကို မထီမဲ့မြင်ပြုမှု"နဲ့ အရေးယူနိုင်ရေး မဲခွဲ ဆုံးဖြတ်ဖို့ ရက်ပိုင်းအလိုမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တကယ်လို့ သက်သေထွက်ဆိုဖြစ်ရင် ၁၉၈၃ ခုနှစ်မှာ သမ္မတ ဂျရယ်ဖို့ဒ် သက်သေထွက်ဆိုခဲ့ပြီးနောက်ပိုင်း ပထမ ဆုံးအကြိမ် လွှတ်တော်ကော်မတီရှေ့မှောက် ရောက်ရှိလာတဲ့ သမ္မတဟောင်း ဖြစ်လာမှာပါ။ ဘီလ်ကလင်တန်ဟာ ၂၀၁၉ ခုနှစ်က ထောင်တွင်းမှာ သေဆုံးခဲ့သူ အက်ပ်စတိန်းနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ပေမဲ့ အက်ပ်စတိန်းရဲ့ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုတွေကို မသိရှိကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက အဆက်အသွယ် ဖြတ်တောက်ခဲ့ ကြောင်း ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အက်ပ်စတိန်းရဲ့ ကိုယ်ပိုင်လေယာဉ် မှတ်တမ်းတွေအရ ကလင်တန်ဟာ ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေအတွင်း လေယာဉ်(၄)ကြိမ် လိုက်ပါစီးနင်းခဲ့ပြီး နေအိမ်မှာ အတူရှိနေတဲ့ ဓာတ်ပုံ မှတ်တမ်းတချို့ ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။

image