2 w - Translate

ဒါဟာ ၂၀၁၄ ခုနှစ်တုန်းက တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တကယ်ဖြစ်ပွားခဲ့တဲ့ ဂန္ထဝင်မြောက် "အချစ်တော်လှန်ရေး" ကြီးပါ။
အွန်လိုင်းပေါ်က Single တစ်စုဟာ ရုပ်ရှင်ရုံရဲ့ ထိုင်ခုံနံပါတ် (၁၊ ၃၊ ၅...) တွေကို ကြိုတင်ဝယ်ယူပြီး အတွဲတွေကြားမှာ နံရံကြီးတွေလို အကာအကွယ်ယူဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
​ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ချစ်သူများနေ့မှာ အတွဲတွေ ဘေးချင်းကပ်ထိုင်ပြီး ရိုမန့်တစ်ဆန်ခွင့်မရအောင် ပြောင်ချော်ချော်နဲ့ နှောင့်ယှက်ခဲ့တာပါ။
အဲဒီနေ့က ရုပ်ရှင်ရုံထဲမှာ အတွဲတွေဟာ လက်ချင်းကိုင်ဖို့ ဝေးစွ၊ ကြားထဲက Single ကြီးတွေကို အားနာပါးနာ ကျော်ကြည့်ရင်းနဲ့ပဲ ရုပ်ရှင်ကြည့်ခဲ့ရပါတယ်။
​ကိုယ့်မှာ ချစ်သူမရှိလို့ သူများအတွဲတွေလည်း ဝေးရမယ်ဆိုတဲ့ ဒီလက်စားချေမှုဟာ အခုချိန်ထိ ချစ်သူများနေ့ရောက်တိုင်း လူပြောများနေကြဆဲ Legendary Prank တစ်ခု ဖြစ်နေဆဲပါ။

image