ဖာလာစေ့ အစွမ်း
Cardamom (ဖာလာစေ့) ကို ရေနွေးပူပူဖြင့် စိမ်သောက်၍သော်လည်းကောင်း၊ ကျိုချက်၍ သောက်သုံး၍သော်လည်းကောင်း မိမိနှစ်သက်သလို သောက်သုံးနိုင်ပါသည်။
၎င်းတွင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဆာလဖာ၊ မဂ္ဂနီစီယမ်နှင့် သံဓာတ်စသည့် အာဟာရဓာတ်များ အမြောက်အများ ပါဝင်ပါသည်။
ဖာလာစေ့ကို ည၊ မနက် အနည်းငယ်စီ ပုံမှန်စားပေးပါက ခေါင်းကိုက်ရောဂါ ပျောက်ကင်း၏။
ဖာလာစေ့ကို မှန်မှန်သုံးစွဲပေးလျှင် ဆီးရွှင်စေသည်။
ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးခဏခဏသွားခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။
ရေနွေးကြမ်းကဲ့သို့ သောက်သုံးပေးခြင်းဖြင့် မကောင်းသည့် ကိုလက်စထရော ကို ကျစေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။
အစာချေဖျက်မှု အားကောင်းစေပြီး လေပွခြင်းနှင့် ဖောရောင်ခြင်းကို လျော့ကျစေသည်။
ခံတွင်းရနံ့ဆိုးခြင်း နှင့် ပိုးမွှားများကင်းစင်ရန် ဖာလာစေ့အနည်းငယ်ကို ဝါးစားပေးပါ။
ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာခြင်းတို့အတွက် ဖာလာစေ့ကို ကြိတ်ပြီး ပျားရည်နှင့် ရောလျက်ပေးရသည်။
ဖာလာစေ့သည် အရေပြားနှင့် ဆံပင်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။
သွေးအားကို မြှင့်တင်ပေးသည်။
ကျောက်ကပ်အတွင်းရှိ Urea နှင့် ကယ်လ်စီယမ်ပိုလျှံမှုများကို ဖယ်ရှားပေးသည်။
အသားအရေကို စိုပြေလန်းဆန်းစေသည်။
ဆံပင်ပြတ်ခြင်း၊ ဘောက်ထခြင်း၊ ဆံပင်မသန်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းနှင့် ဦးရေပြားယားယံခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။
က”င်ဆာနှင့် အခြားရောဂါများကိုလည်း ကာကွယ်တားဆီးပေးပါသည်။
ဖာလာစေ့ကို ညက်အောင်ထုခြေပြီး အနာဒဏ်ရာတစ်ဝိုက်တွင် အုံထားပေးခြင်းဖြင့် အမြန်ပျောက်ကင်းစေကာ ပိုးမွှားများကိုလည်း သေစေနိုင်ပါသည်။
အခြားနိုင်ငံများတွင် ဖာလာစေ့နှင့် ရောစပ်ပြုလုပ်ထားသော Cardamom Tea Mix များကိုလည်း ဝယ်ယူရရှိနိုင်ပါသည်။
အစာမကြေခြင်း၊ အော့အန်ခြင်း၊ သရက်ရွက်ကြီးခြင်းနှင့် ယားယံသည့် ရောဂါများဖြစ်ပွားပါကလည်း အသုံးပြုနိုင်ပါသည်။ ၎င်းအစေ့မှ ထုတ်ယူသည့် အဆီကိုလည်း ဆေးဝါးအဖြစ် အသုံးပြုကြပါသည်။
မြန်မာနိုင်ငံတွင် ဖာလာစေ့ကို ကွမ်းယာထဲထည့်စားသလို အသားဟင်းများ ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြပါသည်။ ၎င်းသည် ခံတွင်းအနံ့ကို မွှေးပျံ့စေသဖြင့် ခံတွင်းနံ့ဆိုးပါက ဖာလာစေ့တစ်စေ့ခန့် ဝါးပေးပါ။
မိုးရာသီ (တုတ်ကွေးရာသီ) တွင် ဂျင်း၊ ဖာလာစေ့၊ ထန်းလျက်တို့ဖြင့် ကျိုချက်ထားသည့် ရေနွေးနွေးသည် တုတ်ကွေးအဖျားကို သိသိသာသာ သက်သာစေပါသည်။
#ကျန်းမာရေးဗဟုသုတရကြပါစေ
#creditပေးပါတယ်