တစ်မြို့စီ ဝေးကွာသွားရင်တောင် မအားလပ်လို့ အကြာကြီး အဆက်အသွယ် မလုပ်ဖြစ်ရင်တောင် ပြန်တွေ့တာနဲ့ အရင်လို ပြန်နွေးထွေးသွားတာက သူငယ်ချင်းပဲတဲ့လေ ။
ရန်ဖြစ်ရင်လည်း အကြာကြီး စိတ်မဆိုးနိုင်တဲ့သူ ၊ ဝေးကွာနေလည်း ညလုံးပေါက် စကားပြောဖြစ်ကြတဲ့သူ ၊ ဒီသူငယ်ချင်းရှေ့ ရောက်ရင် အပြောအဆိုက အစ ထိန်းသိမ်းထားစရာ မလို ၊ လွတ်လွတ်လပ်လပ် ငိုချပစ်ပြီး အားရပါးရ ထအော်ရယ်ပစ်လို့လည်း ရတယ် ။
ကြယ်တွေ အတူကြည့်ပေးနိုင်တဲ့သူသာ ရှိရင် အမှောင်ဆုံး ညတွေကိုတောင် ကြောက်စရာ မလိုပါဘူး ။
တန်ဖိုးထားရမဲ့ လူသားလေးပေါ့ ။ နေ့ရက်လေးတွေ စုရင်း အမှတ်တရ သေးသေးလေးများစွာကို အတူတည်ဆောက်ရင်းမှ ဒီ သူငယ်ချင်းဆိုတဲ့ ဖြစ်တည်မှုလေးကို ရရှိခဲ့တာမို့လို့လေ ။
#lavenderpan - လာဗန်ဒါပန်