ရန်းစ်လူငယ်နောက်ခံလူ ယက်ကဲကို နွေရာသီမှာခေါ်ယူဖို့ လီဗာပူးလ်အသင်း သဘောတူညီမှုရရှိ
လီဗာပူးလ်အသင်းဟာ ရန်းစ်အသင်းက ပြင်သစ်လူငယ်နောက်ခံလူ ဂျဟေမီယက်ကဲကို
နွေရာသီမှာခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
ပြင်သစ်ယူ-၂၁လက်ရွေးစင် ယက်ကဲ(၂၀ နှစ်)အနေနဲ့ လာမယ့်နွေရာသီကာလကျမှ လီဗာပူးလ်
အသင်းနဲ့ လာရောက်ပူးပေါင်းမှာဖြစ်တယ်။
ယက်ကဲရဲ့ကနဦးပြောင်းရွှေ့ကြေးက ပေါင် ၅၅ သန်းနဲ့ add-ons ကြေး ပေါင် ငါးသန်းရှိမယ်လို့
သိရပါတယ်။
၎င်းဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။
ယက်ကဲအနေနဲ့ အခုရာသီမှာ ရန်းစ်အသင်းအတွက် ၁၈ ပွဲ ကစားပေးထားပါတယ်။
အခုအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို မကျော်လွန်ခဲ့ပါဘူး။