KIA အဖွဲ့နှင့် KPDF ပူးပေါင်းအဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖားကန့်မြို့ရှိ အထက ကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ​ကျောင်းသား​ကျောင်းသူ ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရ

KIA အဖွဲ့နှင့် KPDF ပူးပေါင်းအဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီးကျည် ဖားကန့်မြို့ အခြေခံပညာ အထက်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် ​​ကျောင်းသား ကျောင်းသူ ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက KIA အဖွဲ့နှင့် KPDF အဖွဲ့များသည် ဖားကန့်မြို့အတွင်းသို့ မြို့၏အနောက် တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်မှု​ကြောင့် လက်နက်ကြီးကျည်များသည် အခြေခံပညာအထက်တန်းကျောင်း(ဖားကန့်)အဆောက် အအုံနှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ပြီး Grade-4 တွင် တက်ရောက်ပညာသင်ယူလျက်ရှိသည့် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်နေ မောင်လင်းခန့်ကိုနှင့် ဂျန်ဂတ်ကျေးရွာနေ မရွန်ဒင့်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပြီး အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်နှစ်ဦးအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

image