ထိုင်းတွင် မြန်မာလုပ်သား ၁ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်သည့် အလုပ်ရှင်အား တရားစွဲဆိုမည်

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိကားအပိုပစ္စည်းစက်ရုံတစ်ရုံမှ အလုပ်ရှင်တစ်ဦးသည် မြန်မာ အလုပ်သမား၁၈ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့သည့်အတွက် ၎င်းအလုပ်ရှင်အားတရား စွဲဆိုရန် ဆောင်ရွက်နေကြောင်း ကူညီပေးနေသည့် MHACအဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး အလုပ်သမားများနှင့်အတူ MHAC အဖွဲ့က ၂၀၂၅ ခုနှစ်မေ၂၆ ရက်တွင် နယ်မြေခံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်)၌ ကူညီမှုစတင်ခဲ့ကြောင်း သိရသည်။
ထိုရုံး၏တာဝန်ရှိသူကအလုပ်သမားများ၏နစ်နာကြေးဆိုင်ရာများအားဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်အား တရားရုံး၌ တရားစွဲဆိုခြင်းအတွက်ဆက်လက်ဆောင်ရွက်နေကြောင်း MHAC အဖွဲ့က ထုတ်ပြန်ထားသည်။
တရားစွဲဆိုရန်အတွက် ထိုင်းဥပဒေအရ တစ်ဆင့်ချင်းစီသွားရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆဝါဒီကန်ရုံးမှ ခရိုင်မြို့တော်ဝန်ကို တင်ရမည်ဖြစ်ပြီးမြို့တော်ဝန်၏ စာကျလာမှသာ တရား ရုံးသွားရမည်ဖြစ်သည့်အတွက် လက်ရှိတွင် မြို့တော်ဝန်ထံစာတင်ထားကြောင်း သိရသည်။

image