နေပြည်တော်ရှိ ရွှေမြို့ဆိုလာစီမံကိန်းမှ ဓာတ်အားစတင်ထုတ်လွှတ်ရန် စီစဉ်နေ
နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး ရွှေမြို့ဆိုလာစီမံကိန်းမှ ဇွန်လအတွင်း ဓာတ်အားစတင်ထုတ်လွှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါစီမံကိန်းအား ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လတွင် ဓာတ်အားစတင်ထုတ်လွှတ်နိုင်တော့မည်ဖြစ်ကာဆိုလာတပ်ဆင်မှုအား ဖေဖော်ဝါရီလအတွင်း အပြီးသတ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုင်းထဲသို့ တိုက်ရိုက်ပို့သွင်းကာဆက်လက်ပြီး လျှပ်စစ်စွမ် းအားဝန်ကြီးဌာန၏ ရွှေမြို့ခွဲရုံထဲသို့ ပို့သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ စီမံကိန်းမှ ဓာတ်အား မဂ္ဂါဝပ် ၂၀၀ နီးပါးထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။