အခက်အခဲကနေ မိတ်ဆွေစစ်ကို ရှာပါ
တခါက တောအုပ်လေးတစ်ခုရဲ့အနားမှာ ရွာတစ်ရွာရှိပါတယ်။ အဲ့ဒီရွာမှာရှိတဲ့ ဆိတ်ကလေးတစ်ကောင်ဟာ မိတ်ဆွေသူငယ်ချင်းတွေကို အလွန်ပဲ ခင်မင်ပြီး အားကိုးပါတယ်။
ဒီလိုနဲ့ ညနေခင်းတစ်ခုမှာ ဆိတ်ကလေးဟာ တောစပ်နားရဲ့ တောင်ကုန်းတစ်ခုပေါ်မှာ ပြေးလွှား ဆော့ကစားနေပါ တယ်။
ဝံပုလွေ တစ်ကောင်ဟာ ချုံတောထဲကနေ ခုန်ထွက်လာ ပြီး ဆိတ်ကို ကိုက်စားဖို့ ခုန်အုပ် တိုက်ခိုက်လိုက်ပါ တယ်။
ဆိတ်ဟာ ကြောက်ကြောက်လှန့်လှန့် ပြေးလွှားရင်း အော်ဟစ်အကူအညီ တောင်းပါတော့တယ်။ တောထဲက မြက်စားနေတဲ့ နွားထွက်လာပါတယ်။ ဝံပုလွေ ကိုတွေ့တော့ ထွက်ပြေးသွားပါတယ်။
ကုန်းပေါ်မှာရှိတဲ့ မြင်းက လှမ်းကြည့်လိုက်တယ်။ ဝံပုလွေ မှန်းသိလိုက်တာနဲ့ ရှောင်ထွက်သွားတယ်။ တောဝက်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။
ယုန်လည်း အော်သံကြားလိုက်တယ်။ ချက်ချင်းဆိုသလို ပဲ အသားကုန် ဝေးရာကို ထွက်ပြေးသွားတယ်။
ကုန်းအောက်မှာ ရှိတဲ့ ခွေးက...." ကယ်ကြပါဦး" ဆိုတဲ့ အသံ ကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက်လာပြီး ဝံပလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကိုက်လိုက်တယ်။
ဝံပုလွေလည်း ထွက်ပြေးသွားပါတယ်။ ဆိတ်ဟာ အန္တာရာယ်ကနေ လွတ်မြောက်သွားတာပေါ့။ ဆိတ်အိမ်ပြန်ရောက်သွားတယ်။ သတင်းကြားတော့ မိတ်ဆွေတွေက မေးကြ မြန်းကြနဲ့ စည်ကားနေပါတယ်။
နွားကပြောတယ်.... “ ငါ့ကို ဘာလို့ မပြောပြတာလဲ၊ ငါ့ဂျိုနဲ့ ခတ်လိုက်ရင် ဒီ ဝံပုလွေ ဘယ်နားရောက်မှန်းမသိ ဖြစ်သွားမယ်”လို့ ပြောတယ်။
မြင်းကလည်း အားကျမခံ ဝင်ပြောတယ်...." ငါအနားမှာ မရှိလို့ပေါ့။ ငါရဲ့နောက်ချေနဲ့ စုံကန်လိုက်ရင်တော့ ဝံပုလွေ အဲ့ဒီနေရာမှာပဲ မေ့နေမယ်"...။
တောဝက်ကလည်း ပြောတယ်.... “ ငါမရှိလို့ပေါ့... ငါ့အစွယ် အကြောင်းကောင်းကောင်းသိသွားစေရမယ်"
ယုန်ကပြောတယ်...." ငါကို ဘာလို့ မပြောတာလဲ၊ အနည်းဆုံးတော့ ငါအပြေးမြန်တော့ မင်းကိုကယ်ဖို့ အ မြန် သတင်းပို့လို့ရတာပေါ့ ” တဲ့။
တစ်ခုသတိထားမိတာက အဲဒီစကားဝိုင်းထဲမှာ ခွေးက ဘာမှ ဝင်မပြောပဲ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေပါတယ်။
မိတ်ဆွေစစ်ဆိုတာလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။
ကိုယ့်အနားမှာ နေ့တိုင်း ဝိုင်းရံနေတဲ့သူတွေဟာ ကိုယ်အခက်အခဲ တကယ်ကြုံတဲ့အခါကျရင် ကူညီတဲ့သူ ဖြစ်ချင်မှ ဖြစ်နိုင်မယ်။
ပုံပြင်ထဲကလို စကားလုံးအလှတွေပြီး ပြောပြီး "သာတဲ့အခါကပ်မယ် နာတဲ့အခါ ခွါသွားကြမယ်"။
တကယ့် မိတ်ဆွေစစ်ကတော့ အပြောမဟုတ် အလုပ်နဲ့ပဲ သက်သေပြပါတယ်။ ပြီးရင် ကိုယ်ကူညီခဲ့တာကို ဂုဏ်ဖော်ပြီး လိုက်မကြွားတတ်ပါဘူး.....။
with respect - credit