1 w - Translate

မြန်မာလိုတော့ ပိုးကောင် ဖမ်းငှက် လို့ပဲ ခေါ်ကြပါတယ်။ အပြာနုရောင်လေးနဲ့ ပုံမှန် တွေ့နေကျ တခြား flycatcher ငှက်တွေထက် အရောင် တမျိုးဆန်းလေးနဲ့ပေါ့။ ပျံသန်းနေတဲ့ ပိုးမွှားတွေကို လေထဲမှာတင် ဖမ်းယူစားသောက်ရတာကို နှစ်သက်သလို သစ်ကိုင်းအဖျားတွေမှာ ထိုင်ပြီး ပိုးမွှားတွေကို စောင့်ကြည့် နေတတ်ကြတာကို အမြဲတွေ့ရတယ်။

မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတွေနဲ့ သစ်တောထူထပ်တဲ့ နေရာတွေမှာ အတွေ့ရများပြီး ဆောင်းရာသီမှာတော့ မြေပြန့်ပိုင်းဒေသတွေကို ခဏတဖြုတ် ဆင်းလာတတ်ကြပါတယ်။ မြန်မာမှာ အမြဲတွေ့ရပြီး ဥအု သားပေါက်တဲ့ ဌာနေငှက်ဖြစ်သလို ဒေသတွင်း ရွှေ့ပြောင်းနေထိုင်တက်တဲ့ ငှက်လေးလဲ ဖြစ်ပါတယ် ခင်ဗျာ။

သဘာဝ ချစ်သူ မိတ်ဆွေအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ ....❤️❤️❤️


မြန်မာအမည် - ပိုးကောင် ဖမ်းငှက်

Credit,,

image