2 w - Translate

ကိုင်လို့တော့ တကယ်ပိုကောင်းပြီ 👀
.
Samsung ရဲ့ Galaxy A Series ဖုန်းသစ်တွေက ၂၀၂၆ ထဲ ရောက်လာတာနဲ့အတူ မကြာခင်မှာ မိတ်ဆက်လာတော့မှာပါ။ ဒီထဲမှာ အမြင့်ဆုံးဖြစ်လာမယ့် Galaxu A57 ဖုန်းရဲ့ သတင်းတွေနဲ့ Render ပုံတွေလည်း စတင်ပေါက်ကြားလာနေပါပြီ။
ဒီနှစ် Galaxy A57 ဟာ အပြင်ပန်း ဒီဇိုင်းအရ ကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ပေမယ့် ဖုန်းရဲ့ အထူက 6.9mm ပဲ ရှိမှာဖြစ်ပါတယ်။ ဒါက တချို့ Air လို့ နာမည်တပ်ထားတဲ့ဖုန်းတွေနီးပါးကို ပါးသွားမှာဖြစ်ပြီး အလေးချိန်ကလည်း 182g ပဲရှိမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘေးဘက်ဘောင်တွေကလည်း Aluminum Frame ဖြစ်သွားမယ်၊ Display က 6.6" FHD+ 120Hz AMOLED Display ပါလာပြီး Performance ပိုင်းအတွက် Exynos ရဲ့ 1680 Chipset အသစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။​
ကင်မရာပိုင်းအနေနဲ့ကတော့ 50MP Main | 13MP Ultrawide နဲ့ 5MP Macro ကင်မရာတွေကိုပဲ သုံးလာဦးမယ်။ အခုအချိန်အထိ Telephoto Camera ကို မထည့်ပေးတာဆိုတော့ Samsung Galaxy A57 က သူ့စျေးဝန်းကျင် တခြားဖုန်းတွေနဲ့ ယှဥ်ရင် ကင်မရာပိုင်းမှာ နောက်ကောက်ကျနေဦးမယ့်ပုံစံဖြစ်နေပြီ။ Selfie အနေနဲ့ 12MP ကင်မရာကို ထည့်ပေးထားမယ်။
Battery အနေနဲ့ 5000mAh Battery ပါလာပြီး 45W Fast Charging ပါလာမယ်လို့ သိရတယ်။
ဘာပဲဖြစ်ဖြစ် 2026 မှာ Telephoto Camera တကယ်မထည့်ပေးရင်တော့ သူ့စျေးတန်းမှာ လက်ခံသင့်သေးရဲ့လားပဲ 🫠

image