ဆန်းဒါးလန်းမှ ဒတ်ချ်နောက်ခံလူဂီယာထရူဒါကို အငှားဖြင့် ခေါ်ယူရန် လီဗာပူးဆွေးနွေးနေ
==================
လီဗာပူးဟာ ဆန်းဒါးလန်းရဲ့ ဒတ်ချ်နောက်ခံလူလပ်ရှာရယ်ဂီယာထရူဒါကို အငှားဖြင့် ခေါ်ယူရန် ဆွေးနွေးနေပါတယ်။
ဂီယာထရူဒါဟာ ရက်ဘူးလ်လိုက်ဇစ်မှ ဆန်းဒါးလန်းသို့ အငှားဖြင့် လာရောက် ကစားနေသူလည်း ဖြစ်ပါတယ်။
ဒတ်ချ်လက်ရွေးစင်ကစားသမားဟာ ညာနောက်ခံလူ၊ ဗဟိုနောက်ခံလူနေရာတို့အပြင် ကွင်းလယ်ခံစစ်ကစားသမားတို့လည်း ကစားနိုင်ကာ စွယ်စုံရ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ဆလော့ဟာ ဒူးဒဏ်ရာကြောင့် ကော်နာဘရက်ဒလေကို ရာသီအကုန်အထိ ဆုံးရှုံးထားရမှု၊ ဂျီရီမီဖရမ်းပေါင်မှာလည်း လတ်တလောတွင် အနားယူနေရမှု၊ ကိုနာတေးမှာလည်း ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်အခြေအနေတို့ကြောင့် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။
လက်ရှိအချိန်တွင် လီဗာပူး၊ ဆန်းဒါးလန်းနှင့် လိုက်ဇစ်တို့အကြား ဂီယာထရူဒါရဲ့ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။
ဆန်းဒါးလန်းဟာ ဂီယာထရူဒါကို အငှားဖြင့် ခေါ်ယူစဉ်တုန်းက အပြီးသတ် ခေါ်ယူမယ့်အချက်အား ထည့်သွင်းထားခြင်းမရှိရာ လိုက်ဇစ်ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

image