အောင်ပွဲခံမှုအတွက် အဝါကတ်ပြသမှုအပေါ် ဒေးဗစ်မိုယက်စ် ဆန့်ကျင်လာ
===================
အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်ဟာ ဘရိုက်တန်နှင့် သရေကျတဲ့ပွဲတွင် ပွဲပြီးခါနီးမှာ ချေပဂိုး ရရှိပြီးနောက် ကွင်းဘေးနားတွင် ပြေးလွှားအောင်ပွဲခံမှုအတွက် အဝါကတ်ပြသခြင်းခံရမှုအပေါ် ဆန့်ကျင်မှု ပြုလုပ်လာပါတယ်။
Amex Stadium တွင် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် လူစားဝင်ရောက်လာတဲ့ ဘီတိုက သူ့ အသက် ၂၇ နှစ်ပြည့်‌မွေးနေ့တွင် ၉၇ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။
အသက် ၆၃ နှစ်ရှိ ဒေးဗစ်မိုယက်စ်ဟာ အချိန်ပို ချေပဂိုး ရရှိပြီးနောက် ခံစားချက်ကို မထိန်းထားနိုင်ဘဲ ကွင်းဘေးစည်းတွင် ပြေးလွှား အောင်ပွဲခံခဲ့ကာ ဒိုင်လူကြီးခရစ်ကာဗာနစ်ချ်ရဲ့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဒေးဗစ်မိုယက်စ်ဟာ သူ့ရဲ့ အဝါကတ်ပြသမှုအား ၁၉၈၂-၈၃ ရာသီတုန်းက မန်စီးတီးကို အနိုင်ရတဲ့ ရာသီသိမ်းပွဲတွင် လူတန်အား ပရီးမီးယားလိဂ်တွင် တင်ကျန်အောင် ရာသီသိမ်းပွဲတွင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နည်းပြဒေးဗစ်ပလိတ်မှာ အောင်ပွဲခံခဲ့ပေမယ့် အဝါကတ်ပြသမခံရမှုနှင့် နှိုင်းယှဉ်ပြောကြားလာပါတယ်။
မိုယက်စ်က "ပလိတ်တီလို့ မခေါ်ဝေါ်လာဖို့ မျှော်လင့်တယ်။ ပလိတ်က အဝါကတ် ပြသမခံခဲ့ရတော့ ကွဲပြားတယ်။ သူတို့က ဒါကျတော့ အိုကေတယ်လို့ ထင်ကြတယ်။ လူတိုင်း အောင်ပွဲခံတာကို မြင်ရင် ပျော်ကြတယ်။ အပြီးသတ်လုပ်လိုက်တာ။ မန်နေဂျာတွေက နည်းစနစ်ဧရိယာကို ကျော်ပြီး အောင်ပွဲခံလို့ မရဘူး။ ဒူးထောက်အောင်ပွဲခံလို့ မရဘူး။ မီဒီယာတွေကို ပြောတာပဲ လုပ်လို့ ရတယ်"လို့ ပြောကြားသွားပါတယ်။

နောက်ထပ် အောင်ပွဲခံမလားလို့ မေးမြန်းလာချိန်တွင် မိုယက်စ်က "သေချာပေါက် လုပ်ဦးမယ်။ တကယ်လို့ အရိုးအဆစ်တွေသာ ကောင်းနေရင် ဒူးထောက်အောင်ပွဲခံတာတောင် လုပ်လိုက်ချင်သေးတယ်။ ဒီလိုလုပ်ရင်လည်း အဝါကတ်ပဲ အပြခံရမှာ ဖြစ်လို့ စိတ်လွတ်ကိုယ်လွတ်လုပ်လိုက်တာ အကောင်းဆုံးပဲ"လို့ ပြောကြားသွားပါတယ်။
ယခုရာသီအစောပိုင်းတုန်းက ချဲလ်ဆီးနည်းပြဟောင်းအန်ဇိုမာရက်စ်ကာမှာလည်း လီဗာပူးအား နောက်ကျဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ကစားသမားများရှိရာသို့ ပြေးလွှားအောင်ပွဲခံမှုကြောင့် နှစ်ဝါတစ်နီဖြင့် အထုတ်ခံရကာ ပွဲပယ်ခံခဲ့ရပါတယ်။
ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အောင်ပွဲခံမှုအတွက် ဗိုလ်လုပွဲတွင် ပွဲပယ်ခံရမည်ကို စိုးရိမ်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်နည်းပြများဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် နည်းစနစ်ဧရိယာကို ကျော်လွန်ကာ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပြီး လတ်တလောစည်းမျဉ်းအရ အဝါကတ်ပြသခြင်းခံရပါမယ်။
ဟိုဆေးမော်ရင်ဟိုဟာ ၂၀၀၃-၀၄ ရာသီတုန်းက ပေါ်တိုက ယူနိုက်တက်အား အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲတွင် ကော့စတင်ညာ ဂိုးသွင်းပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းဘေးတွင် ပြေးလွှားအောင်ပွဲခံ့ခဲ့ဖူးပါတယ်။

image