1 ရက် - ဘာသာပြန်ပါ။

ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံအကြား အနုပညာကတဆင့် ဖော်ပြနိုင်မည့်အနုပညာပြိုင်ပွဲကျင်းပမည်
ဆုငွေ ကျပ် ၁၅ သိန်းထိ အမြင့်ဆုံးချီးမြှင့်မည်

“ဥရောပသမဂ္ဂ-မြန်မာ -ချိတ်ဆက် ယှက်နွယ် အသံဖလှယ်” ခေါင်းစဥ်ဖြင့် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံကြားက ဘုံတန်ဖိုးများ၊ ယဥ်ကျေးမှုဖလှယ်မှုများ နှင့် လူမှုအဖွဲအစည်းများကို ပိုမိုနီးကပ်စေမည့်လူသားချင်းချိတ်ဆက်မှုများကို အနုပညာကတဆင့် ဖော်ပြနိုင်ရန် အနုပညာပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း EU - Myanmar က ယနေ့ ဇန်နဝါရီ(၃၀)ရက်နေ့ ၌ အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအခြေစိုက်နေထိုင်နေသည့် အနုပညာရှင်အားလုံးကိုပြိုင်ပွဲဝင်ရန်လည်း EU -Myanmar က ဖိတ်ခေါ်ထားသည်။
ပါဝင်ယှဉ်ပြိင်မည့်အနုပညာရှင်များအနေဖြင့် ပန်းချီ၊သရုပ်ဖော်ပုံများ၊ခဲခြစ်ပန်းချီ၊ဒစ်ဂျစ်တယ်အနုပညာ၊ ပုံနှိပ်အနုပညာ၊ များဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြး အသေးစိတ်အချက်အလက်များ ကို EU -Myanmar ၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအတွက် ပထမဆု ကို ကျပ်(၁၅)သိန်း၊ ဒုတိယဆုကို (၁၀)သိန်း၊ တတိယဆုကို (၅)သိန်းချီးမြှင့်မည်ဖြစ်ပြီး ဆုရရှိသူများ၏ အနုပညာများကိုလည်း EU -Myanmar ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်မည်သူများ အနေဖြင့် ၂၀၂၆ မတ်လ (၁)ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်မည်ဖြစ်ပြီး ဆန်ကာတင် အနုပညာလက်ရာ (၂၀)ကိုလည်း ပြပွဲကျင်းပမည်ဖြစ်ပြီး ထပ်မံကြေညာပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

image