ယူရိုပါလိဂ်ရှုံးထွက် ပလေးအော့ဖ်တွင် ဆဲလ်တစ်နှင့် စတုဂတ်၊ ဖောရက်စ်နှင့် ဖီနာဘာချီတို့ ဆုံတွေ့
======================
ဆဲလ်တစ်ဟာ ယူရိုပါလိဂ်ရှုံးထွက် ပလေးအော့ဖ်အဆင့်တွင် စတုဂတ်နှင့်ရင်ဆိုင် ကစားလာရမှာ ဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်မှာလည်း ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ရေးအတွက် ဖီနာဘာချီနှင့် ရင်ဆိုင်ကစားရပါမယ်။
မာတင်အိုနေးလ်ကိုင်တွယ်နေတဲ့ ဆဲလ်တစ်ဟာ တပည့်ဟောင်းရော်ဘီကိန်းကိုင်တွယ်နေတဲ့ ဟန်ဂေရီကလပ် ဖီရန်ဗာရို့စ်နှင့်ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွင် ရှိခဲ့ပေမယ့်လည်း ဘွန်ဒက်စ်လီဂါကလပ်နှင့် ဆုံတွေ့လာတာလည်း ဖြစ်ပါတယ်။
ပထမအကျော့ကို ဆဲလ်တစ်ပါ့ခ်တွင် ကစားလာမှာ ဖြစ်ပြီး အနိုင်ရတဲအသင်းက ၁၆ သင်းအဆင့်တွင် ပေါ်တို (သို့မဟုတ်) ဘရာဂါနှင့် ရင်ဆိုင်ရပါမယ်။
နော်တင်ဟမ်ဖောရက်စ်မှာ ဖီနာဘာချီအား ကျော်ဖြတ်လာနိုင်ပါက ၁၆ သင်း ရှုံးထွက်အဆင့်တွင် မက်ဂျီလန်း (သို့မဟုတ်) ဘက်တစ်နှင့် ရင်ဆိုင်ရပါမယ်။
ဒါ့အပြင် အခြားယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်များအဖြစ် ပါနာသီနိုင်ကို့စ်နှင့် ဗစ်တိုရီးယားပါဇန်၊ လူဒိုဂိုရက်နှင့် ဖီရန်ဗာရို့စ်၊ ဂျီအန်ကေဒိုင်နမိုနှင့် ဂျန့်၊ PAOK နှင့် ဆဲလ်တာ၊ ဘရန်းနှင့် ဘိုလော့ဂ်နာ၊ လိုင်လီနှင့် ရက်စတားဘဲလ်ဂရိတ်တို့ တွေ့ဆုံနေပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ကစားရပါမယ်။

image