ပိုင်ရှင်အား သပိတ်မှောက်ဆန္ဒပြတဲ့အနေဖြင့် ပွဲလာမကြည့်ဘဲ လာဇီယိုပရိသတ်များ ဆန္ဒပြ
=====================
လာဇီယိုပရိသတ်များဟာ အသင်းပိုင်ရှင်ကလော်ဒီယိုလိုတီတိုအား ဆန္ဒပြတဲ့အနေဖြင့် ပွဲအား လာမကြည့်ဘဲ ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။
အီတလီထိပ်သီးကလပ်ဟာ သောကြာနေ့ညတုန်းက ဂျီနိုအာကို ဧည့်ခံကစားခဲ့ရပြီး အချိန်ပို ၁၀ မိနစ် ပင်နယ်တီဂိုးကြောင့် ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယင်းနိုင်ပွဲကြောင့် ဆာရီ ဦးဆောင်နေတဲ့ လာဇီယိုဟာ အမှတ်ပေးဇယားအဆင့် ၈ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှ အင်တာမီလန်နှင့် ရမှတ် ၂၀ အထိ ကွာဟနေတုန်း ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ရမှတ် ၁၁ မှတ်ကွာဟနေတုန်းပါ။
ဒါပေမယ့် မနေ့ညကပွဲတွင် လာဇီယိုပရိသတ်များဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမား ဝယ်ယူအားဖြည့်မှု မပြုလုပ်မှုအပေါ် သပိတ်မှောက်တဲ့အနေဖြင့် ယင်းပွဲအား လာမကြည့်ဘဲ ဆန္ဒပြသပိတ်မှောက်ခဲကြပါတယ်။
မနေ့ညက ဂျီနိုအာနှင့်ပွဲစဉ်တွင် အိုလံပီကိုကွင်းတစ်ခုလုံးနီးပါး ပရိသတ်မပါဘဲ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။
လာဇီယိုဟာ နွေရာသီတုန်းက ဘဏ္ဍာရေးပြဿနာကြောင့် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခြင်းခံခဲ့ရပေမယ့်လည်း ယခုဇန်နဝါရီတွင် ဗာလင်တင်ကက်စတယ်လာနို့စ်နှင့် မာတီယိုဂွန်ဒိုဇီတိုအား ပေါင် ၂၅ သန်းဖြင့် ဝက်စ်ဟမ်း၊ ဖီနာဘာချီသို့ ရောင်းချထားပါတယ်။
၎င်းတို့ဟာ အေဂျက်စ်မှ အလယ်တန်းကစားသမားကန်နိတ်တေလာ၊ တိုက်စစ်သမားအက်ဒရီယန်ပါဇီဘိုရက်၊ ဂိုးသမားအက်ဝတ်ဒိုမော့တာနှင့် ကွင်းလယ်ဖန်တီးရှင်ဒါနီရယ်မာလ်ဒီနီတို့ကို ခေါ်ယူထားပါတယ်။