နေပြည်တော်ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပမည်

လာမည့်ဖေဖော်ဝါရီလတွင် နေပြည်တော်ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
လုပ်ငန်းကော်မတီအတွက် သတ်မှတ်ပေးအပ်ထားသော လုပ်ငန်းတာဝန်များကဏ္ဍအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဖျော်ဖြေရေး လုပ်ငန်းများအတွက် သတ်မှတ်နေရာ၌ စင်မြင့်ဆောက်လုပ်မှုနှင့် ဖျော်ဖြေမှုများစနစ်တကျဖြစ်စေရေး၊ ပွဲတော်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိ နိုင်ရန် Billboard များ စိုက်ထူ သွားရေး၊ ပြည်သူများကြိုတင်သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ သတင်းစာနှင့် အွန်လိုင်းများတွင် စတင်ဖော်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image