အံ့ဩစရာကောင်းတဲ့ အကြံပြုချက်ဖြင့် ဇမ်ဘာဘွေကလပ်ရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ ပရီးမီးယားလိဂ်သူရဲကောင်း
=======================
ပရီးမီးယားလိဂ်ဂန္ထဝင်ဘင်ဂျာနီမွာရူဝါရီဟာ အံ့ဩစရာကောင်းတဲ့ အကြံပြုချက်ဖြင့် ဇမ်ဘာဘွေကလပ်တစ်ခုရဲ့ နည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရပါတယ်။
အသက် ၄၇ နှစ်ရှိ မွာရူဝါရီဟာ ပထမဆုံးနည်းပြအလုပ်အဖြစ် Highlanders Football Club ရဲ့ မန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ဘင်ဂျာနီဟာ Highlanders Football Club ရဲ့ အဓိကစပွန်ဆာ Wicknell Chivayo ရဲ့ အကြံပြုချက်ဖြင့် ခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
Wicknell Chivayo က ဘင်ဂျာနီရဲ့ လုပ်ခကို ကုန်ကျခံ ပေးလာမှာလည်း ဖြစ်ပါတယ်။
Highlanders Football Club ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဇမ်ဘာဘွေပရီးမီးယားလိဂ်ဘောလုံးလိဂ်တွင် အဆင့် ၁၁ နေရာမှာသာ ရပ်တည်ခဲ့ပြီး ဘင်ဂျာနီရဲ့ ဦးဆောင်မှုဖြင့် ပိုမိုကောင်းမွန်တဲ့ အဆင့် ရပ်တည်နိုင်ရန် မျှော်လင့်နေပါတယ်။
သူဟာ ယခင်တုန်းက နည်းပြအတွေ့အကြုံအဖြစ် လိဂ် ၁ ကလပ် ပလိုင်းမောက်တွင် အကယ်ဒမီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်အတွေ့အကြုံများစွာ ရှိမှုနှင့်အတူ Highlanders Football Club ကို ကောင်းစွာ ဦးဆောင်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။
ဘင်ဂျာနီဟာ ပြင်သစ်ကလပ် အော်ဇေးတွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ပို့စ်မောက်သို့ ရောက်လာပြီးနောက် နည်းပြဟယ်ရီရက်နပ်လက်အောက်တွင် အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပါတယ်။
သူဟာ ၂၀၀၈ ခုနှစ်တွင် မန်စီးတီးသို့ ပြောင်းကစားပြီးနောက် ဆန်းဒါးလန်းတွင် အငှားဖြင့် သွားကစားခဲ့ပါတယ်။
သူဟာ ပိုစ်မောက်သို့ ပြန်လာကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ဇင်ဘာဘွေလက်ရွေးစင်အသင်းအတွက် ၄၂ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ ဇမ်ဘာဘွေအသင်းကို ၂၀၀၆ ခုနှစ်တုန်းက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ဖူးကာ ပရိသတ်အချစ်တော်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။