ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုတွင် ပွဲကစားရန် မရှိပေမယ့် မက္ကဆီကိုရှိ ပါတီမြို့တော်တွင် အခြေစိုက်လာမယ့် ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်း
====================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီရဲ့ ပါတီမြို့တော်အခြေစိုက်လာပါမယ်။
ပေါ်တူဂီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုမှာ ပွဲကစားရန် မရှိပေမယ့်လည်း မက္ကဆီကိုမှာ အခြေစိုက်လာမှာ မဟုတ်ပါဘူး။
ရောဘတ်တိုမာတီနက်ဇ်ရဲ့အသင်းဟာ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်၊ ကွန်ဂို (သို့မဟုတ်) ဂျာမေကာ (သို့မဟုတ်) နယူးကာလီဒိုးနီးယားတို့နှင့် ရင်ဆိုင်ရပါမယ်။
ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မက္ကဆီကိုရှိ Fairmont Mayakoba အပန်းဖြေစခန်းတွင် အခြေစိုက်ကာ အနီးရှိ ခန်းခင်ရှိ Mayakoba Training Centre မှာ လေ့ကျင့်မှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဖီဖာဘက်ကတော့ ပေါ်တူဂီအသင်း အခြေစိုက်မယ့် နေရာကို အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။
ဒါပေမယ့်‌ ပေါ်တူဂီအသင်းဘက်က Fairmont Mayakoba အပန်းဖြေစခန်းတွင် အခြေစိုက်ရန် ပထမဦးစားပေးအဖြစ် ဖီဖာထံ တင်ပြထားပါတယ်။
ခန်းခင်မှာ မက္ကဆီကိုရဲ့ ပါတီမြို့တော်အဖြစ် နာမည်ကြီးတဲ့ မြို့ ဖြစ်ပြီး နွေဦးပိတ်ရက်များတွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက် အပန်းဖြေရာ မြို့ ဖြစ်ပါတယ်။
ခန်းခင်တွင် လူဦးရေ ၁ သန်းတည်းသာ ရှိပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဧည့်သည် ၂ သန်းအထိ လာရောက်လည်ပတ်မယ်လို့ ယူဆခြင်းခံထားရပါတယ်။
ပေါ်တူဂီအသင်းဟာ အုပ်စုပွဲ ၃ ပွဲမှ ၂ ပွဲကို ဟူစတန်တွင်လည်းကောင်း၊ ၁ ပွဲကို မိုင်ယာမီတွင်လည်းကောင်း ကစားရပါမယ်။
၎င်းတို့ဟာ ရှုံးထွက်အဆင့်များသို့ တက်ရောက်ရပါက ကန်ဆက်စ်စီးတီး၊ ဗန်ကူးဗား၊ ကန်ဆက်စ်စီးတီး၊ အတ္တလန္တာနှင့် နယူးယောက်တို့တွင် ကစားရပါမယ်။
ခန်းခင်မှာ မက္ကဆီကိုတွင် တည်ရှိပေမယ့်လည်း မက္ကဆီကိုပင်လယ်ကွေ့တွင် တည်ရှိရာ အုပ်စုပွဲသွားကစားရမယ့် မြို့နှစ်မြို့မှာ တူညီလုနီးပါးတဲ့ အကွာအဝေးတဲ့မြို့ ဖြစ်ပါတယ်။
ခန်းခင်မှ မိုင်ယာမီသို့ လေယာဉ်ခရီး ၁ နာရီ ၅၀ မိနစ်သာ ရှိပြီး ဟူစတန်သို့ လေယာဉ်ခရီး ၂ နာရီ ၁၀ မိနစ်တည်းသာ ကြာပါတယ်။
ပေါ်တူဂီအသင်းစခန်းချလာမယ့် Fairmont Mayakoba အပန်းဖြေစခန်း၊ Mayakoba Training Centre တို့မှာ သဘာဝတောအုပ်ဖုံးလွှမ်းရာ နေရာဖြစ်တဲ့အပြင် ဒီရေတောအုပ်၊ သဘာဝတူးမြောင်းတို့ ရှိနေရာ သဘာဝနှင့် ထိတွေ့ခွင့်ရမှာ ဖြစ်သလို သီးသန့်နေထိုင်နိုင်ပါမယ်။
Fairmont Mayakoba မှာ မက္ကဆီရဲ့ အကောင်းဆုံးအပန်းဖြေစခန်းစာရင်းဝင် တစ်ခု ဖြစ်ပြီး အခန်း ၄၀၀ ရှိကာ တန်ဖိုးအကြီးဆုံးအခန်းရဲ့ တစ်နေ့တာ အဖိုးခမှာ ဒေါ်လာ ၂၀၀၀ အထိ ရှိပါတယ်။
ယင်းအပန်းဖြေစခန်းအတွင်းတွင် စားသောက်ဆိုင် ၈ ဆိုင်၊ ဘား ၃ ခု၊ အားကစားလေ့ကျင့်ရေးခန်းနှင့် ရေကူးကန်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် စပါခန်း၊ ဂေါက်ကွင်းတို့ ပါဝင်သလို အထူးခြားဆုံးအနေဖြင့် သဲဖြူများဖုံးလွှမ်းနေတဲ့ သီးသန့်ကမ်းခြေတစ်ခုလည်း ရှိပါသေးတယ်။

image