ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရောင်းချပေးမည်
ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစနစ် ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် အမှတ် (၁၁) အဆန်/ (၁၂) အစုန် (ရန်ကုန်-မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ် (၇) အဆန် / (၈) အစုန် (ရန်ကုန်-နေပြည်တော်- ရန်ကုန်) DEMU အမြန်ရထား၊ အမှတ် (၃၁) အဆန်/ (၃၂) အစုန် (ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ် (၂၇) အဆန်/ (၂၈) အစုန် (မန္တလေး-နေပြည်တော်-မန္တလေး) လူစီးအမြန်ရထားခရီးစဉ်များ၏ ရထားလက်မှတ်များကို ယခုလာမည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။