ရက် ၈၀၀ အကြာ ဖမ်းဆီးခံထားရသည့် ဓားစာခံရုပ်ကြွင်း အစ္စရေး ပြန်လည်ရရှိ
-------------------------

ဂါဇာမှာ ဖမ်းဆီးခံထားရသူတွေထဲက နောက်ဆုံးကျန်ရှိနေတဲ့ ဓားစာခံရုပ်ကြွင်းကို အစ္စရေးဘက်က ပြန်လည် ရရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်း နယ်မြေမှာ စစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ် ကနဦး အဆင့်အတွက် အဓိက အခြေအနေတစ်ခုကို ဖြည့်ဆည်းပေး ခဲ့တာလည်း ဖြစ်ပါတယ်။ ဂါဇာမှာ ရက်ပေါင်း ၈၄၀ ကျော် ဖမ်းဆီးခံထားရတဲ့ အစ္စရေး စစ်ဘက်ဆိုင်ရာအရာရှိ ရန် ဂဗီလီရဲ့ ရုပ်ကြွင်းကို ပြန်လည်ရရှိခဲ့ပြီး မြှုပ်နှံဖို့အတွက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုပ်ကြွင်း ပြန်လည်ရရှိတာကြောင့် အစ္စရေးဘက်ကလည်း ကတိ ကဝတ်တွေနဲ့အညီ ပျက်စီးနေတဲ့ ဂါဇာနဲ့ အီဂျစ်အကြားရှိ ရာဖာဖြတ်ကျော်ဂိတ်ကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့် လှစ်ပေးဖို့ လမ်းခင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။

image