2 ပတ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၂၇) ဦးကို ပြည်နှင်ရန်စစ်ဆေးခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၂၇)ဦးကို ထိန်းသိမ်းပြီးနောက် ပြည်နှင်ရန်အ တွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံသား(၂၁)ဦး၊ နီပေါနိုင်ငံသား(၃)ဦး၊ အိန္ဒိယနိုင်ငံသား(၂)ဦးနှင့် နိုင်ဂျီးရီးယားနိုင်ငံသား(၁)ဦးတို့ကို မြန်မာနိုင်ငံတာဝန်ရှိသူများက ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image